loading...

loading...

loading...

ဖျော်ဖြေပွဲအသေးစိပ်ကို ပြောပြလာပါတယ်။
Sabal Thwin

မီးမီးခဲဟာ ကင်ဆာရောဂါ ဝေဒနာရှင်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေနိုင်မယ့် ဂီတဖျော်ဖြေပွဲ တစ်ပွဲလုပ်တော့မယ်လို့ သိရပါတယ်။ ဒီပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာပါ။

Photo: Mee Mee Khal

အဆိုတော်မီးမီးခဲကတော့ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပပြု လုပ်သွားမယ်လို့ သိရပါတယ်။ ကင်ဆာရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း လာရောက်စေချင်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အနုပညာကြေးတွေ စုဆောင်းပြီးရရှိလာတဲ့ ငွေကြေးနဲ့ ပြုလုပ်ကျင်းပတာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ဒီပွဲအစအဆုံး အသုံးစရိတ်တွေ အားလုံးဟာ ကျွန်မ စုဆောင်းခဲ့တဲ့သီချင်းရေးခ သီချင်းသီဆိုခနဲ့ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အမှတ်တရ ဖြစ်ချင်လို့သာ ပြုလုပ်ခြင်းသာ ဖြစ်ပါတယ်။ သန့်ရှင်းဖြူစင်တဲ့ စေတနာတွေနဲ့ ရင်ထဲနှစ်ပြီး လုပ်မယ့် ပွဲလေးဖြစ်သလို အထူးသဖြင့် Music ပိုင်းမှာ အကောင်းဆုံးကြိုးစားတင်ဆက် သွားမှာပါ။ အသေးစိပ် ကုန်ကျစရိတ်တွေကအစ အားနာတတ်တဲ့ ကျွန်မအတွက် ကျွန်မတစ်ယောက်တည်း ဘယ်သူအကူအညီမှ မယူဘဲ ပြုလုပ်ပေးဆပ်ရတာ ဖြစ်တဲ့အတွက် လာရောက် အားပေးကြပါလို့ဖိတ်ခေါ်တယ်" လို့ ဆိုပါတယ်။

Photo: Mee Mee Khal

မီးမီးခဲဟာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူမလိုမျိုး ကင်ဆာရောဂါကို ငွေကြေးအကုန်ကျခံ ကုသနေရတဲ့ ဝေဒနာရှင်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ ပြုလုပ်ကျင်းပတဲ့ ပွဲ တစ်ပွဲ ဖြစ်တယ်ဆိုပြီးတော့ ဇန်နဝါရီလ ၂ရက်နေ့ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

"ကျွန်မတစ်ခုစိတ်မကောင်းတာ က ကျွန်မဆီကို ကျွန်မပရိတ်သတ်တွေက လက်မှတ်မှာယူ အားပေးကြပေမယ့် အသိမိတ်ဆွေအရင်း ထဲက တချို့သော လူတစ်ယောက်နှစ်ယောက်က အလကား မရဘူးလား၊ ၁၀ စောင်လောက် အလကားတောင်းတဲ့သူတွေတောင် ရှိပါတယ်။ မပေးချင်လို့မဟုတ်ပါဘူး ရှင်။ သိန်းရာချီ အကုန်အကျ ခံထားရတဲ့ ကျွန်မလို ကင်ဆာ ဖြစ်နေတဲ့ ဆေးတွေဆက်လက်ကုသနေရတဲ့ သူကပြုလုပ်မယ့် ပွဲ ကိုမှ ဒီလို တွေ တောင်းဆိုရက်တာ အင်မတန်မှဝမ်းနည်းလှပါတယ်။ရင်ထဲလည်း အင်မတန်မှ နာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်မက နားလည်ပါတယ်။ ဒီလိုတောင်းဆိုသူများကိုလည်း ကျွန်မ အဆင်ပြေသလောက် လက်မှတ်တွေပို ခဲ့ရင် လက်ဆောင်ပေးသွားမှာပါ။ အားလုံးသော ပရိတ်သတ်များနဲ့မိတ်ဆွေများ ကျွန်မပွဲကို လာခဲ့ပါလို့ဖိတ်ခေါ်ပါတယ်နော်" ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။

Photo: Mee Mee Khal

မီးမီးခဲရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီ အချိန်၊ Taw Win Garden Hotel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကိုတော့ ဖုန်းနံပါတ် 09447912336 ကို ဆက်သွယ်ပြီး မှာယူနိုင်တယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ နှစ်သောင်း၊ သုံးသောင်း နဲ့ ၅ သောင်း လို့ သတ်မှတ်ထားတာဖြစ်ပြီး အရေအတွက် ၁၀၀၀ ရောင်းချ သွားမယ်လို့ မီးမီးခဲက ပြောပါတယ်။ အဆိုပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဘယ် ရုပ်သံလိုင်း၊ ဘယ် Facebook Page ကမှ Live မလွှင့်ဘူးလို့လည်း ပြောပြထားပြန်ပါသေးတယ်။

Photo: Mee Mee Khal

မီးမီးခဲကတော့ နိုင်ငံကျော် တေးရေးဆရာကြီး စောဘွဲ့မှူးရဲ့ သမီးငယ်လေးဖြစ်ပြီးတော့ အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ်လေးဖြစ်ပါတယ်။သူမဟာ လက်ရှိမှာ ဂီတလောကနဲ့ နည်းနည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းလောက်က သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီး အဲဒီ သီချင်းလေးနဲ့ပဲ ပရိသတ်တွေ သူမကို ပြန်ပြီး သတိရစေခဲ့တာပါ။ သူမကိုယ်တိုင် ရေးထားတဲ့ “ငါ့ရဲ့ မျက်ဝန်းညို” ဆိုတဲ့ သီချင်းလေးက ပရိသတ်တွေကြားအ ရမ်းကို နာမည်ကြီးသွားခဲ့တာပါ။ ထူးခြားတဲ့ အသံလေးကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းလှတဲ့ အဆိုတော် မီးမီးခဲဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ဦးပါ။မီးမီးခဲဟာ "မျက်ဝန်းညို" ၊ "အဝေးက ချစ်သူ" စတဲ့ သီချင်းအသစ်တွေလည်း ထွက်ရှိထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က