ဘယ်လိုတောင် ချျစ်လဲကွယ်။

ရွှေမှုံရတီက ရွှေထူး သီချင်းဆိုနေတာကို စင်နောက်က အားရပါးရ အားပေးခဲ့တာပါ။ ဒါ့အပြင် ရွှေထူးသီချင်းဆိုနေတာကိုလည်း ပရိသတ်တွေကို နားဆင်နိုင်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ပေးခဲ့ပါသေးတယ်။

 

Photo : ရွှေမှုံ



သရုပ်ဆောင် ရွှေမှုံရတီဟာ ခင်ပွန်းရဲ့ ဖျေ်ာဖြေပွဲကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံ အားပေးတတ်သူ တစ်ဦးပါ။ မတ်လ(၁၆) ရက်နေ့ကလည်း Hwawei Music Festival ပွဲမှာ ရွှေထူးရဲ့ သီချင်းမှုတွေကို စင်နောက်ကနေ အားရပါးရ အားပေးခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် စင်ပေါ်မှာ သီချင်းတွေနဲ့ဖျော်ဖြေနေတဲ့ ရွှေထူးကို ရွှေမှုံက စင်နောက်ကနေ အားပေးနေခဲ့တာပြီး ရွှေထူးသီချင်းဆိုနေတာကိုလည်း ပရိသတ်တွေကို နားဆင်နိုင်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Live လွှင့်ပေးခဲ့ပါသေးတယ်။




ရွှေမှုံဟာ ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဘေးနားကနေ ပါရမီဖြည့်ပေးနေတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်သလို ရွှေထူးကလည်း ရွှေမှုံအတွက် အသေးစိတ်ကအစ ဂရုစိုက် ချစ်တတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်သက်တမ်းက (၄) လပြည့်သွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

Photo : ရွှေမှုံ

အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။

Photo : Aung Zaw

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က