သူမအရမ်းကြိုက်တဲ့အရာလေးပေးခဲ့တာပါ။

သဉ္ဇာနွယ်ဝင်းကတော့ မွေးနေ့မှာ သူမအကြိုက်ဆုံး Tulips ပန်းပေးပြီး မွေးနေ့ဆုတောင်းပေးတဲ့ ချစ်ခင်ပွန်းကြောင့် ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနေ့က သဉ္ဇာနွယ်ဝင်းရဲ့ မွေးနေ့လေးပါ။

Photo : သဉ္ဇာနွယ်ဝင်း

ဒီနေ့(ဧပြီ၇ရက်)က သရုပ်ဆောင် သဉ္ဇာနွယ်ရဲ့ မွေးနေ့လေးပါ။ သူမရဲ့ မွေးနေ့မှာ ချစ်ခင်ပွန်းရဲ့ မွေးနေ့ surprise ကြောင့် ပျော်နေသလို ချစ်ရတဲ့ မိသားစုလေးနဲ့အတူ ဖြတ်သန်းခွင့်ရလို့ အရမ်းကို ပျော်လို့နေပါတယ်။

“12 အမှီဆိုင်ကပြန်လာပြီး အရမ်းကြိုက်တဲ့ tulips ပန်းပေးပြီးမွေးနေ့ဆုတောင်းပေးတဲ့ ပါပါးနဲ့ မာမားရဲ့ပန်းကို ကလိချင်နေတဲ့ အခုထိမအိပ်တဲ့မျောက်ကလေး ပါပါး မိန်းမကို အရမ်းချစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၇) ရက်နေ့ မနက် ၁၂နာရီကျော်က ရေးသားထားတာဖြစ်ပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း

မွေးနေ့မှာလည်း မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေပြီး မွေးနေ့အလှူလေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကိုလှမျိုးမြင့်နဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဆီမှာတော့ ဖခင်နဲ့တူတဲ့ အကျင့်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

‘’သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့ တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။ သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေနဲ့ တူတယ်’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo : သဉ္ဇာနွယ်ဝင်း

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



က္က