သားလေးမွေးတာ အတော်ဆုံးပါပဲတဲ့။
သဉ္ဇာနွယ်ဝင်းရဲ့ ခင်ပွန်းကတော့ သားလေးမွေးပေးထားတဲ့ ဇနီးချောလေးကို ချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ နှစ်ဦးရဲ့ သားလေးက အခုဆိုရင် ၆ လကျော်ကို ရောက်ရှိလို့နေပါပြီ။

Photo: Thinzar Nwe Win

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းဟာ ခင်ပွန်းဖြစ်သူရဲ့ ချီးကျူးစကားအပေါ် ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ သားလေးမွေးတာ အတော်ဆုံးပါပဲလို့ သူမရဲ့ ခင်ပွန်းက ပြောခဲ့ပါတယ်တဲ့။

‘’ယောကျာ်းကပြောတယ် မိန်းမအခုထိလုပ်တာအတော်ဆုံးက သားလေးမွေးပေးတာပဲတဲ့ မွေးလည်းမွေးပေးတယ်။ ထိန်းလဲထိန်းတယ်နော်ယောကျာ်း မိန်းမ တော်တော်ကြီးကိုတော်တယ်မလား။ ပါပါးမိန်းမကို ပျော်စရာကောင်းတဲ့ဘဝလေး ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဆီမှာတော့ ဖခင်နဲ့တူတဲ့ အကျင့်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

‘’သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့ တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။ သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေနဲ့ တူတယ်’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Thinzar Nwe Win

သဉ္ဇာနွယ်ဝင်းဟာ ကလေး ၃ ယောက်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ထပ် ရင်သွေးလေးကိုတော့ သမီးလေး လိုချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

‘’ ကလေး ၃ ယောက်ယူမယ်။ ကြိုးစားနေပါတယ်။ သင်ဇာကတော့ သမီးလေး လိုချင်တယ်။ သမီးလေးကျတော့ နောက်ကျရင် အမေနဲ့ အတူတူ Shopping တွေ ထွက်လို့ရတယ်။ ပိုက်ဆံအိတ်ဆိုရင်လည်း ဆင်တူလေးတွေ ကိုင်လို့ရတယ်။ အဲဒီလိုလေးတွေ ကြိုက်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



က္က