ဘယ်သူပေးလို့ ပေးမှန်းလည်း မသိပါဘူးတဲ့။

သက်မွန်မြင့်တစ်ယောက် သူ့ဆီကို ဘယ်က ရောက်လာမှန်း မသိတဲ့ နှင်းဆီပန်းခြင်းလေးအတွက် ကျေးဇူးတင်စကားဆိုထားတာ တွေ့ရပါတယ်။

Photo: Amazing Grace



ပရိသတ်အချစ်တွေကို အများကြီးပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်က သူ့ဆီကို ထူးထူးခြားခြား ပန်းခြင်းလက်ဆောင်လေး ရောက်လာလို့ ဝမ်းသာနေပါတယ်တဲ့။

‘’ဒီနေ့ သက်မွန်အပြင်ရောက်နေတုန်း လက်ဆောင်ရောက်နေတယ်ဆိုပြီး ကလေး‌‌တွေအဖေက ဖုန်းဆက်တယ်။

ပြန်ရောက်လို့ ကြည့်မိတော့ နှင်းဆီပန်းခြင်းလှလှလေးဖြစ်နေတယ်။ နောက်ထပ် လက်ဆောင်တွေလည်း မျှော်နေပေးပါဆိုတဲ့ ကဒ်လေးလည်းပါတယ်’’ ဆိုပြီးတော့ အစပျိုးရင်း ပြောပြထားပါတယ်။

Photo: Thet Mon Myint

ဘယ်သူပေးတာလဲ၊ ဘယ်က ပရိသတ်ပို့ပေးတာလဲ မသိတဲ့ ပန်းခြင်းလေး အတွက် သက်မွန်မြင့်က ကျေးဇူးတင်စကား ဆိုခဲ့ပြန်ပါသေးတယ်။

‘’သက်မွန် ပရိသတ်တွေထဲက ဘယ်သူများပို့ပေးလဲမသိ၊ ဧကန္တ ကလေးအဖေကပဲ ကိုယ့်ကို ပြန်ပြီး surpriseတိုက်လားမသိ၊ ဘယ်သူပဲဖြစ်ဖြစ် ဒီမေမေကို ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်’’ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ဟာ လက်ရှိမှာတော့ အကယ်ဒမီ ၂ ဆုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေ ဆိုတဲ့ သားနဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

Photo: Amazing Grace

သူမကိုတော့ ပရိသတ်တွေက Music Video တွေကနေတဆင့် စတင်အားပေးခဲ့ကြတာပါ။ သက်မွန်မြင့်ရဲ့ ထူးခြားချက်ကတော့ ချစ်စရာကောင်းတဲ့ မျက်ဝန်း၊ အေးချမ်းတဲ့ အပြုံးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်လေးနဲ့ လှပတဲ့မိန်းကလေးတစ်ယောက်ပါ။ အနုပညာကို ဝါသနာပါလွန်းတာကြောင့် မွေးရပ်မြေ ချင်းတောင်တန်းကနေ ရန်ကုန်ကို ရောက်ရှိလာတဲ့ ချင်းတိုင်းရင်းသူလေး တစ်ယောက်ပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းက ၂၀၁၉ ခုနှစ်အတွင်းမှာ နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က