အနုပညာရှင်များစွာတို့ကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

ဝါဝါဝင်းရွှေရဲ့ ခင်ပွန်း သရုပ်ဆောင် ဦးသန်းထွဋ်ရဲ့ နောက်ဆုံးခရီးကိုတော့ အနုပညာလောကသားများနဲ့ မိတ်ဆွေ၊ သူငယ်ချင်း မိသားစုတွေက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဦးသန်းထွဋ်ဟာ အသက် ၇၇ နှစ်မှာ ကွယ်လွန်ခဲ့တာပါ။


Photo: U Aye Kyu Lay

အကယ်ဒမီများရှင် ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး တစ်ဦးဖြစ်တဲ့ ဦးသန်းထွဋ်ရဲ့ ဈာပနကိုတော့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုဿာန်မှာ မီးသဂြိုဟ်ခဲ့တာဖြစ်ပါတယ်။ ဈာပနကိုတော့ အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်များ၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ဆွေမျိုးများစွာတို့ကလည်း နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြတာကိုတော့ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီကျော်က အိုအေစစ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ Live ကနေ တွေ့ရှိခဲ့တာပါ။


Photo: U Aye Kyu Lay

ဦးသန်းထွဋ်ဟာ အသက် ၇၇ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နာရေးအခေါင်းကိုတော့ နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဌဖြစ်သူ ဦးကျော်သူကိုယ်တိုင် စီစဉ်ဖြစ်တယ်လိ့ု ဆိုပါတယ်။ ဒီအခေါင်းကိုတော့ ကျောက်စီကွမ်းသီး အနုပညာလက်ရာတွေနဲ့ အလှဆင်ခဲ့တာပါတဲ့။

"မင်းသားကြီးဦးသန်းထွဋ်(၇၇နှစ်)" ၏ဈာပန အတွက် နာ/ကူ(ရန်ကုန်)အသင်း မှ ကူညီမှု အဖြစ် ကဗျာဆရာ၊ စာရေးဆရာ၊ ဒီဇိုင်းဆရာ၊ သင်္ဘောသား၊ စွယ်စုံအနုပညာရှင် ဖြစ်သူ ဆရာကိုမောင်မောင်သိန်းလှိုင်ရဲ့လက်ရာ ကျောက်စီကွမ်းသီးလက်မှုအနုပညာ အခေါင်းအား ဥက္ကဌ ဦးကျော်သူ၏ စီစဉ်မှုဖြင့်အသင်ပြင်ထားပါပြီ’’ ဆိုပြီးတော့ ကိုမျိုး(မြန်မာစာ)ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က ရေးသားခဲ့တာတွေ့ရပါတယ်။


Photo: kyaw thu

ဦးသန်းထွဋ်ဟာ ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်က ကျန်းမာရေးအခြေအနေကြောင့် ပန်းလှိုင်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကလည်း မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ကွယ်လွန်သူ ဦးသန်းထွဋ်ရဲ့ ဈာပန ရက်လည်ကိုတော့ ၂၉ ရက်နေ့(တနင်္လာနေ့) မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က