သူတို့နိုင်ငံက အနုပညာကိုပဲ အားပေးကြတာ။

အေသင်ချိုဆွေက သူ့ရင်ထဲက ဂီတအပေါ်ထားတဲ့ ခံစားချက်တချို့ကို ရင်ဖွင့်ပြောပြလာပါတယ်။ မြန်မာနိုင်ငံမှာက ဝတဲ့ မိန်းကလေးတွေကို စကြ လှောင်ကြတာတွေရှိနေသေးတယ်လိ့ု ဆိုပါတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက ဂီတ နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက် တချို့ကို ရင်ဖွင့်ပြောပြလာပါတယ်။ ပြည်ပနိုင်ငံက ပရိသတ်အားပေးမှုနဲ့ ပြည်တွင်းမှာ ပရိသတ်အားပေးမှုတို့ကို ယှဉ်ပြီး ပြောပြခဲ့တာပါ။

‘’သူများနိုင်ငံတွေက အနုပညာကိုယ်ရည်ကိုယ်သွေးရှိမှု ဖျော်ဖြေတင်ဆက်နိုင်မှုတွေကိုပဲ အသားပေးကြတယ်။ ကိုယ့်တွေနိုင်ငံက အသံမကောင်းတဲ့အပြင် ကတာလည်း စည်းဝါးမညီနဲ့ဦး ရတယ်။ သေးသေးသွယ်သွယ်နဲ့ ရုပ်ကလေးလှမှ အခုချိန်ထိ ဝတဲ့ မိန်းခလေးတွေကို လိုက်စ လှောင်ပြောင်နေတဲ့ တာဇံတစ်သိုက်က ရှိသေးတယ်။ ကောမန့်မှာလဲ လာဟောင်ရင် တာဇံလို့ပဲ သတ်မှတ်ပါမယ် စိတ်မရှိပါနဲ့’’ ဆိုပြီးတော့ ဇူလိုင်လ ၄ ရက်နေ့ မနက် ၈ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

အဲဒီနောက် သူမဟာ အမေရိကန်အဆိုတော် တစ်ဦးဖြစ်တဲ့ Lizzo ရဲ့ ဖျော်ဖြေပွဲတစ်ခုက ဗီဒီယိုကိုလည်း Sharing လုပ်ခဲ့တာတွေ့ရပါတယ်။ Lizzo ဟာ အသားမဲသူတစ်ယောက်၊ ခန္ဓာကိုယ် အလွန်ဝသူတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်ဟာ သောင်းဂဏန်းအထက်ရှိတာ တွေ့ရပါတယ်။

Photo: Lizzo

ဂီတအလုပ်တွေ အဆက်မပြတ် လုပ်ဆောင်လာပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမကို မုန်းတီးတဲ့သူတွေကိုရော၊ ချစ်ခင်တဲ့သူတွေကိုပါ ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

‘’တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့် တစ်ဖက်တည်းကိုပဲ ကြည့်တတ်တဲ့လူတချို့ကလည်း သူ့အတ္တနဲ့သူပေါ့၊သူတို့(haters)တွေလည်း ပြော/ဆဲစရာရှိတာပြောကြပေါ့၊ ကျွန်ုပ်လည်း လုပ်စရာရှိတာဆက်လုပ်ပေါ့။ ဝန်းရံပေးကြပါသော ချစ်ရသူများနဲ့ အားလုံး တစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ပါတယ်’’လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Lizzo

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က