သူ့ရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။
Sabal Thwin

ထက်ထက်မိုးဦးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်အတွက် သူမရင်ထဲက ခံစားချက်တွေ ပြောပြခဲ့ပါတယ်။ 

Photo: Htet Htet Moe Oo



သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ဖခင်ကတော့ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးနေရတဲ့ ခံစားချက်တွေကို ထက်ထက်မိုးဦးက ပရိသတ်တွေဆီကို ရင်ဖွင့်စကားဆိုထားပါတယ်။ 

" အငိုမတိတ်ရတဲ့ သံသရာမှာ အဓိပ္ပါယ်ရှိအောင် နေဖို့၊ ဖခင်ကြီးအတွက် ပိုပြီးအဓိပ္ပါယ်ရှိစေဖို့ န ဟိ ရုဏ္ဏံ ဝါ သောကော ဝါ, ယာ စညာ ပရိဒေဝနာ၊ န တံ ပေတာနမတ္ထာယ, ဧဝံ တိဋ္ဌန္တိ ဉာတယော။ အယဉ္စ ခေါ ဒက္ခိဏာ ဒိန္နာ, သံဃမှိ သုပ္ပတိဋ္ဌိတာ၊ ဒီဃရတ္တံ  ဟိတာယဿ, ဌာနသော ဥပကပ္ပတိ။ လို့ဟောတဲ့မူတဲ့အတိုင်း ငိုနေလို့ အကျိုးမရှိတဲ့ ဒီလောကဓံမှာ အကျိုးရှိစေဖို့အတွက် အဖေကို ရည်စူးပြီး သံဃာတော်တွေကိုလည်းလှူပါ့မယ်။ အဖေကိုလည်း အမျှပေးဝေပါမယ်ရှင့်" ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။ 


Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ အလှူအတန်းနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ပါ။ သူမ အရမ်းအောင်မြင်ခဲ့ချိန်တုန်းက လှူဒါန်းခဲ့သမျှ အရာတွေကို သူမရဲ့ ဖခင်အတွက် အမျှဝေခဲ့ပါသေးတယ်။ 

" အထူးအားဖြင့် ထက်ထက် ပြုလုပ်ခဲ့တဲ့ ကုသိုလ်မှန်သမျှ နှင့် ကျောင်းဆောက်လှူဒါန်းခဲ့တဲ့ကုသိုလ်ကြီးကို အဖေ အတွက်ကုသိုလ်မျှဝေပါတယ်ရှင့်။ အဖေ လည်း ထက် နဲ့ အတူ ရောက်ရာ ဘဝကနေ သာဓုခေါ်ပေးပါနော်။ ဖေဖေရဲ့ နာရေးမှာ ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ စာအသုံးပြုခွင့်ပေးတဲ့ ဘုန်းဘုန်းကိုလည်း ကန်တော့ပါတယ်ရှင့်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Pro Studio

ထက်ထက်မိုးဦးကတော့ ဖခင်ဖြစ်သူ ကျန်းမာရေးမကောင်းတဲ့အချိန်မှာ ဆေးရုံမှာပဲနေပြီး အနီးကပ်ပြုစုခဲ့တာကို တွေ့ရပါတယ်။ ထက်ထက်မိုးဦးရဲ့ ဖခင် ကွယ်လွန်သွားတဲ့အချိန်မှာတော့ သူမနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေ၊ ပရိသတ်တွေကလည်း အများကြီးပါပဲ။ ထက်ထက်မိုးဦးရဲ့ အဖေ ဈာပနကိစ္စတွေကို သရုပ်ဆောင် ဝေဠုကျော်ရဲ့ ပရဟိတအသင်းက ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က