ယူနက်စကို အစည်းအဝေးကိုလည်းတက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

အေးသောင်းကတော့ မြန်မာနိုင်ငံအတွက် သတင်းကောင်းတစ်ခု သယ်ဆောင်လာနိုင်လို့ ပျော်မဆုံးဖြစ်လို့နေပါတယ်။ ယူနက်စကို အစည်းအဝေးပွဲကြီးကို တက်ရောက်ခဲ့တဲ့ သူမဟာ ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဝမ်းသာလို့နေပါတယ်။

Photo : အေးသောင်း



ဇူလိုင်(၆) ရက်နေ့က အဇာဘိုင်ဂျန် ဘာကုမြို့တော်မှာ (၄၃)ကြိမ်မြောက် ယူနက်စကို အစည်းအဝေးပွဲကို ပြုလုပ်ခဲ့တာပါ။ အဲဒီအစည်းအဝေးပွဲကို မြန်မာနိုင်ငံမှ ”နှလုံးသားထဲက ပုဂံအဖွဲ့” ကလည်း ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် သွားရောက်ကြိုးစားခဲ့ကြသလို သရုပ်ဆောင် အေးဝတ်ရည်သောင်းက အဲဒီအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

Photo : အေးသောင်း

အေးသောင်းဟာ အဝေးအစည်းလုပ်တဲ့အချိန်တလျှောက်လုံးမှာလည်း ပုဂံရဲ့ သတင်းအတွက် စိတ်လှုပ်ရှားခဲ့ရပြီး ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီးချိန်မှာလည်း ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲခဲ့ရတယ်လို့ ဇူလိုင်(၆) ရက်နေ့ညက သူမရဲ့ ဖေ့စ်ဘွတ်ကနေ Live လွှင့်ပြီး ပြောခဲ့တာပါ။

ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ကြေညာပြီးချိန်မှာလည်း အေးသောင်းဟာ ပုဂံဝတ်စုံလေးနဲ့ အောင်ပွဲခဲ့တာ တွေ့ရပါတယ်။ ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော် တစ်ခုအဖြစ် သတ်မှတ်နိုင်ဖို့ အတွက်နှလုံးသားထဲကပုဂံ အဖွဲ့နဲ့အတူ အေးသောင်းဟာ ဇူလိုင်လ ၄ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

Photo : အေးသောင်း

(၂၀၁၉) ခုနှစ်၊ ဇူလိုင်လ ( ၆ ) ရက်နေ့မှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်း အရမ်းကို ဝမ်းသာလို့နေကြပါတယ်။

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo : အေးသောင်း

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က