တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးတိုင်ပင်နေတာ တွေ့ရပါတယ်။

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်လာဖို့အတွက် မအေးသောင်းကလည်း အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းနေတာ တွေ့ရပါတယ်။

Photo: Aye Thaung



မြန်မာတို့ရဲ့ နှလုံးသားတစ်ခုဖြစ်တဲ့ ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်တစ်ခု ဖြစ်လာစေဖို့အတွက် တာဝန်ရှိသူများနဲ့အတူ မအေးသောင်းက အခုဆိုရင် Azerbaijan နိုင်ငံ Baku မြို့က Baku Convention Centre ကို ရောက်ရှိနေတာဖြစ်ပါတယ်။

‘’အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် ယူနက်စကို အစည်းအဝေးကို တက်ရောက်နေပါပြီ။ ပုဂံက အသက်ပါပဲ။ မြန်မာတွေရဲ့ နှလုံးသားထဲက ပုဂံရဲ့ အကောင်းဆုံးသတင်းကိုလည်း ရင်ခုန်နေပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၅ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Aye Thaung

မြန်မာနိုင်ငံမှာရှိတဲ့ ပျူမြို့ဟောင်းကြီးကတော့ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့တော်ကြီးအဖြစ် တည်ရှိလာတာ အခုဆိုရင် ၅ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီ မှာ ပထမဆုံးအကြိမ် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ်မှာ ‘’ပျူ’’ရှေးမြို့ဟောင်းကြီးကို အရှေ့တောင်အာရှဒေသကြီးအတွင်း ရှေးအခါက ဗုဒ္ဓအခြေပြု နိုင်ငံတော်ကြီးအဖြစ် စတင်တည်ထောင်နိုင်ခဲ့ခြင်းအတွက် အရေးပါသော မြို့ပြများအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo: Bagan

ပုဂံကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တော် တစ်ခုအဖြစ် သတ်မှတ်နိုင်ဖို့ အတွက်နှလုံးသားထဲကပုဂံ အဖွဲ့ဟာ ဇူလိုင်လ ၄ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာ ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်တစ်ခုဖြစ်လာဖို့အတွက် စည်းမျဉ်းကိုက်ညီမှု ၃ မျိုးနဲ့လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

‘’အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ဒေသဆိုင်ရာလက်နက် နိုင်ငံတော်၏ မြို့တော်နှင့် ယဉ်ကျေးမှု အထွဋ်အထိပ် ဗဟိုချက်မ အဖြစ်သို ရောက်ရှိခဲ့သည့် သက်သေသာဓကနှင့် အတူ ကြုံတွေ့နိုင်ခဲသည့် ဗုဒ္ဓဘာသာအစဉ်အလာဖြစ်သော ဒါနကုသိုၤ ပြုမှုဓလေ့နှင့် လေးစား အထင်ကြီးဘွယ်ရာ ဂုဏ်ဒြပ် တို့သည် ပုဂံ၏ ထူးခြားထင်ရှားသည့် ယဉ်ကျေးမှုတန်ဘိုး၊ သာမာန်ထက်ပိုသည့် ပုဂံ၏ ဗုဒ္ဓသာသနိကလက်ရာ ဖန်တီးမှု ဗိသုကာ နှင့် အစုအဝေးလိုက်ကြွယ်ဝစွာ တည်ရှိနေပုံမှာ ကိုးကွယ်ရာဘာသာတရားအပေါ်တွင်ထားရှိသည့် ယုံကြည် သက်ဝင်မှု သဒ္ဒါတရားအင်အားကြီးပုံ ကိုပြသရာရောက်သည့် အပြင် ပုဂံနိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုနှင့် ရာစုနှစ်ပေါင်း များစွာ တည်တံ့ထွန်းကားစေခဲ့သည့် ဘာသာအစဉ်အလာပုံစံ၊ အမြတ်တနိုး ကိုးကွယ်ရာအဆောက်အအုံနှင့် သုတေသန တန်ဘိုးများ ကိန်းအောင်းတည်ရှိရာ စေတီ၊ ဂူဘုရား၊ ဘုန်းကြီး ကျောင်းတို့နှင့် ဒေသခံ လူ့အဖွဲ့အစည်း၏ သက်ဝင်လှုပ်ရှား ပေါင်းစည်း တည်ရှိနေမှု သည် ပုဂံ၏ အခြေခံကျ၍ သမိုင်းဝင် ရှင်သန်ဆဲဖြစ်သော အဆင့်အတန်းမြင့်သည့် ဗုဒ္ဓဘာသာ အစဉ်အလာဓလ့ တန်ဖိုး’’ စသည့် အချက်များနှင့် ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ 

Photo: Aye Thaung

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က