ပရိသတ်တွေက ဝမ်းသာနေပါတယ်။

Best TV Series Actor Award ဆုကို ရရှိသွားသူ ဒေါင်း

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best TV Series Actor Award ဆုကိုတော့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဒေါင်းက ရရှိခဲ့ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်ဒေါင်းက တက်ရောက်လာခြင်း မရှိတာကြောင့် ဒီဆုကို အကယ်ဒမီများရှင် ကိုရန်အောင်က တက်ရောက်ယူခဲ့ခြင်းဖြစ်ပါတယ်။

‘’

ဓမ္မဝိပါလ ၊ ပျားရည်အိုင်၊ ပန်းနှစ်ပွင့်စီးချင်း၊ ပုဂံမြို့သူ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့တာပါ။

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star

Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even

Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က