ဒီနေ့ကစပြီး သီလရှင်ဝတ်ပါပြီတဲ့။

ဝိုင်းလေး က အခုဆိုရင် သာသနာ့ဘောင်ထဲဝင်ရောက်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့အမှတ်ရ အနေနဲ့ သီလရှင် ၉ ရက်ဝတ်မှာပါတဲ့။

Photo: ဝိုင်းလေး



ဝိုင်းလေးကတော့ သူမရဲ့ မွေးနေ့မှာ မမေ့နိုင်စရာ အမှတ်တရလေး လုပ်ခဲ့တာ တွေ့ရပါတယ်။ ပုဂံမှာရှိတဲ့ အောင်မြေမောဓိ ဓမ္မရိပ်သာမှာ သြဂုတ်လ ၄ ရက်နေ့က သီလရှင် ဝတ်လိုက်ပြီဖြစ်ပါတယ်။

‘’ ဆရာလေး ဝိမလညာဏီ, သာသနာပြုဖို့ ယနေ့ယခု ဆန္ဒပြည့်ဝပါပြီ’’ ဆိုပြီးတော့ သြဂုတ်လ ၄ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ သူမဟာ သီလရှင် ၉ ရက်ဝတ်မယ်ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ ညမှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေ ကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: ဝိုင်းလေး

ဝိုင်းလေးရဲ့ မွေးနေ့ကတော့ သြဂုတ်လ ၃ ရက်နေ့ဖြစ်ပါတယ်။ ဒီမွေးနေ့လေးကိုတော့ ထူးထူးခြားခြားအနေနဲ့ ဆံရစ်ဝိုင်းလေးတွေရှိတဲ့ ‘’စက်စက်ယို’’ရွာလေးမှာ အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’Happy birthday to me အသက်တစ်နှစ်ကြီးလာလေ ဘဝပျော်ရွှင်မှု အစစ်မှန်ကို ရှာဖွေချင်လာလေပါပဲ။ စက်စက်ယို ရွာလေး က ဆံရစ်ဝိုင်းလေးတွေနဲ့ ကလေးလေးတွေဆီအလည်သွားရင်း အလှူငွေ နဲ့ ကြက်သား ဆန်ပြုတ် လှူဒါန်းခွင့်ရတယ်။ ပြီးတော့ အလိုတော်ပြည့်ကျောင်းမှာ နေ့ဆွမ်း လှူဒါန်းခွင့်ရတယ်။ အရမ်းကိုပျော်နေပါတယ် ဆန္ဒတွေဖြည့်ဆည်းပေးတဲ့ အဖေအမေနဲ့ မိသားစုကိုလည်း အရမ်းကျေးဇူး တင်တယ်’’ဆိုပြီးတော့ သြဂုတ်လ ၃ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာပဲ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဝိုင်းလေး

အဲဒီနောက် သူမကို မွေးနေ့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေ ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

‘’ဝိုင်းလေး ကိုမွေးနေ့ဆုတောင်းပေးတဲ့သူတစ်ဦးချင်းဆီကိုလည်းကျေးဇူးတင်ပါတယ်နော်။ ဒီနေ့ကျရောက်တဲ့ မွေးနေ့တူလေးတွေအတွက် လည်း မွေးနေ့မှစ ပျော်ရွှင်ပါစေ ဘဝကိုဘယ်လ်ုအခက်ခဲရှိရှိ ရင်ဆိုင်ဖြတ်သန်းပါ အဆင်ပြေကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်’’ လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: ဝိုင်းလေး

ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က