ဒီဇာတ်ကားကို အစအဆုံး ပုဂံမှာရိုက်ခဲ့တာပါတဲ့။

ဦးကျော်သူဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့ပြီဖြစ်တဲ့ ပုဂံအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း ပုဂံမှာရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အမြန်ဆုံးပြသနိုင်အောင် ကြိုးစားမယ်လို့ သူက ဆိုပါတယ်။


Photo: Kyaw Thu



ဦးကျော်သူက သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေကြည့်ရတော့မယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားကို ပုဂံမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။

‘’တကယ်တော့ .. ငါတို့ရဲ့ နိုင်ငံမှာထေရဝါဒဗုဒ္ဓဘာသာ "ပုဂံ" မှာမွေးဖွားလာတာ ငါတို့ ဝါဒကြောင့်ဘဲ။ အဲဒါ ခရစ်သက္ကရာဇ် " ၁၀၁၄” က အစပြုခဲ့တာဘဲ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့ရတာကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် မကြာမီ ပြည်သူလူထုပရိဿတ်ထဲဝင်ရောက်လာတော့မည့် "၁၀၁၄" ရုပ်ရှင်ဇာတ်ကားကြီး’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ မနက် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Thu

(၂၀၁၉) ခုနှစ်၊ ဇူလိုင်လ ( ၆ ) ရက်နေ့မှာ ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေလည်း အရမ်းကို ဝမ်းသာလို့နေကြပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့၌ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း (၃)မြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများအား မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရာ ယခုပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Photo: Kyaw Thu

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဦးကျော်သူရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ် ဆောင်သွားထားတယ်လို့ဆိုပါတယ်။ နောက်ထပ်အနုပညာရှင်များစွာလည်း အားဖြည့်ပါဝင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က