နောက်ထပ် အလှူတွေ လုပ်ချင်ပါသေးတယ်။

ပိုးအိအိခန့် တို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အလှူလေးကို ပြောပြလာပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၉ ခုနှစ် မတ်လ အတွင်းက မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ်။

သရုပ်ဆောင်ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူ အောင်သူနဲ့ ပထမဆုံးအတူတူအလှူလုပ်ခွင့်ရခဲ့တဲ့ အမှတ်တရလေးကို ပြောလာပါတယ်။

‘’၂.၁.၂၀၁၉ တုန်းက လှူခဲ့တဲ့ ပိုးအိတို့ နှစ်ယောက်ရဲ့ ပထမဦးဆုံးအလှူ။ နောက်လည်း ဒီထက်အများကြီး လှူချင်သေးတယ်’’ ဆိုပြီးတော့ မတ်လ ၃၁ ရက်နေ့ ည ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ ပထမဆုံးအလှူကိုတော့ ‘’ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့’’မှာ ချို့တဲ့မိသားစုများ လှူဒါန်းဖို့အတွက် အလှူငွေ ခုနှစ်သိန်း နှစ်သောင်းကျပ်(ဆန်အိတ် ၂၀) စာ လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။


အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။

ပိုးအိအိခန့်ဟာ ပညာရေးနဲ့ ပတ်သက်ပြီး ဥပဒေ(မဟာ)ဘွဲ့ ရရှိထားသူဖြစ်ပါတယ်။ သူမဟာ ပညာရေးမှာ ထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ပိုးအိအိခန့်က အနုပညာနဲ့ ပတ်သက်ပြီး သူဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူမဟာ မကြာသေးခင်က ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ရိုက်ကူးတဲ့ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း သရုပ်ဆောင် နေဒွေး၊ အိစိကွေး၊ စိုးမိုးကြည်၊ ခိုင်နှင်းဝေတို့အပြင် နောက်ထပ် သရုပ်ဆောင်များစွာနဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။



က္က