ဖုန်းဆက်တော့လည်း မအားဘူးတဲ့။

မအေးသောင်းဟာ သူမဆီက ငွေလိမ်လည်သွားတဲ့သူကို Screen Shot နဲ့ တကွ ဖော်ထုတ်လိုက်ရတော့မလားလို့ ဆိုပါတယ်။

Photo: Aye Thaung



ပရိသတ်အချစ်တော် မအေးသောင်းကတော့ သူ့ဆီက ငွေလိမ်သွားတဲ့ လူတစ်ယောက်အကြောင်းကို အခုလိုပြောပြလာပါတယ်။ စကားပြောထားတာတွေကို လူမှုကွန်ယက်စာမျက်နှာပေါ် ချပြရတော့မလားလို့လည်း သူကဆိုပါတယ်။

‘’ပိုက်ဆံလိမ်သွားတဲ့သူကို လေဆိပ်မှာတွေ့တုန်းလေး အကြွေးတောင်းတော့ ဖြေရှင်းမလိုလို ပေးမလိုလိုလုပ်ပြီး ဖုန်းနံပါတ်တွေပေးသွားတာ။ အခုကျတော့ ဖုန်းပြောဖို့တောင် ကျွန်တော်မအားတဲ့။ မမ တော့ SS တွေ တင်ရတော့မယ်ထင်တယ်။ အရင်မိန်းမနဲ့ကွဲပြီလား မကွဲပြီလားတော့မသိပေမယ့် အခုတွဲလာတာကျတော့ ကိုယ့်အသိုင်းအဝိုင်းထဲက မိန်းကလေးနဲ့’’ ဆိုပြီးတော့ ဇူလိုင်လ ၃၀ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Aye Thaung

မအေးသောင်းရဲ့ ဖခင်ဖြစ်သူ ဦးမြင့်အောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာလည်း ငွေကြေးလိမ်လည်သွားသူကို တရားစွဲဖို့ စီစဉ်ထားတယ်လို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

''အလကားရထားနဲ့ ပိုက်ဆံမဟုတ်တော့ တရားဥပဒေကြောင်းအရ တရားစွဲဆိုတော့မှာဖြစ်ပါတယ်..လိမ်တဲ့သူတွေကတော့ ကားအကောင်းစားတွေစီး..နိုင်ငံခြာသွား Shopping ထွက်နဲ့ အတော်အဆင်ပြေနေကြပါတယ်...ရာဇဝတ်ဘေးကတော့ ပြေးမလွတ်ပါဘူး..'' ဆိုပြီးတော့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃နာရီ မိနစ် ၂၀ က ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Joseph Myint Aung

မအေးသောင်းက ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ အဲဒီနောက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ပုဂံ ကို ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုလာဖို့အတွက်ကိုလည်း အနုပညာရှင်တစ်ယောက်အဖြစ် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

Photo: Aye Thaung

သူမဟာ ဆယ်ကျော်သက်အရွယ်မှာ ဆံပင်ရှည်လေးနဲ့ အေးဝတ်ရည်သောင်းအဖြစ် အနုပညာလောကမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က