မတ်လ(၃) ရက်နေ့တဲ့။

ဆန်းသစ်လက မတ်လထဲမှာ ချစ်သူနဲ့အတူ ရွှေလက်တွဲတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မင်္ဂလာပွဲနှစ်ပွဲ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo : ဆန်းသစ်လ

သရုပ်ဆောင် အဆိုတော် ဆန်းသစ်လက ချစ်သူသက်တမ်း(၃)နှစ်ပြည့်မှာ မင်္ဂလာပွဲ ဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ မတ်လထဲမှာ မင်္ဂလာပွဲ နှစ်ပွဲ ပြုလုပ်ဖို့ စီစဉ်ထားတာလည်း တွေ့ရပါတယ်။ မတ်လ(၁) ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်မှာဖြစ်ပြီး မင်္ဂလာဧည့်ခံပွဲကို မတ်လ(၃) ရက်နေ့မှာ ပြုလုပ်မှာပါ။

မတ်လ(၁) ရက်နေ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို မင်းကွန်း တိပိဋကကျောင်းတိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ ပြုလုပ်သွားမှာဖြစ်ပြီး မတ်လ(၃) ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲကိုတော့ ပြည်သူရင်ပြင်ရှိ Western Park Ruby မြက်ခင်းပြင်မှာ ညနေ(၆း၀၀)နာရီမှ (၉း၀၀)နာရီအထိ ပြုလုပ်သွားမှာပါ။ အဲ့ဒီအကြောင်းလေးကိုလည်း ဆန်းသစ်လက သူမရဲ့ ဖေ့စ်ဘွတ်ကနေ ဖိတ်စာလေးတင်ပြီး ပြောထားပါတယ်။

Photo : ဆန်းသစ်လ

ဒီချစ်သူက သူ့အတွက် ဖူးစာမှန်တဲ့ လူလည်းဖြစ်သလို နားလည်မှုအပြည့်ပေးတဲ့ ချစ်သူလို့လည်း Duwun Media မှာ ချစ်သူသက်တမ်း ၂ နှစ်ကျော်အချိန်တုန်းက ဖြေဆိုဖူးခဲ့ပါတယ်။

'' အချစ်ရေးလေးကတော့ အေးအေးဆေးဆေးပဲ၊ ကိုယ်တွေ မျှော်မှန်းထားတာ၊ ရည်ရွယ်ထားတာေ လးတွေရှိတယ်။ ဒါပေမယ့် အကောင်အထည်ဖော် ဖို့ကတော့ ကြိုးစားနေဆဲပေါ့နော်။ အဲ့ဒီတော့ နှစ်ယောက်အတွက်က အေးအေးဆေးဆေးပဲ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ရှိတယ်၊ သူလည်း ကိုယ့်အပေါ် နားလည်မှုအပြည့်ပေးထားတယ်'' လို့ ဆိုပါတယ်။

Photo : ဆန်းသစ်လ

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီးအဖြစ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ ဆန်းသစ်လဟာ ဝါရင့်သရုပ်ဆောင်ကြီး ဝါးခယ်မရဲမောင်ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်းသစ်လက သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ကိုယ်တော်အခွေလည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က