နောက်နောင် ဆင်ခြင်ပါ့မယ်။

ဟိန်းမင်းသူက ဟင်္သာပုံပါတဲ့ ပုဆိုးကို ပြောင်းပြန်ဝတ်ဆင်မိခဲ့တဲ့အပေါ် ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒီအကြောင်းအရာကို ဥပမာထားပြီး နောက်နောင် ဆင်ခြင်မယ်လို့ သူကဆိုပါတယ်။

Photo: Hein MIn Thu

ဟိန်းမင်းသူဟာ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို တက်ရောက်လာတဲ့အခါမှာ ဟင်္သာပုံလေးတွေပါတဲ့ ပုဆိုးကို မှားယွင်းစွာ ဝတ်ဆင်မိခဲ့တဲ့အပေါ် တောင်းပန်စကားပြောလာပါတယ်။

‘’ပရိတ်သတ်ကြီးများ ခင်ဗျာ ကျွန်တော်မနေ့ကတုန်းက အကယ်ဒမီပေးပွဲတက်တဲ့ဝတ်စုံမှာ မတော်တဆမှားယွင်းပြီး ဝတ်ခဲ့မိတဲ့အတွက်ဦးစွာ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ Designer မရည်မွန်က အလုပ်တစ်ခု လက်ခံထားတဲ့အတွက် ဝတ်စုံပေးပြီး ပြန်သွားခဲ့ရပါတယ်။ သူက ဝတ်တတ်လားဆိုတော့ ပုဆိုးက သိပ်အခက်ကြီးမပာုတ်လို့ အဆင်ပြေတယ်ဆိုပြီး့ယူထားခဲ့လိုက်ပါတယ်။ ပွဲ သွားမယ့်အချိန်အတွင်း မန်နေဂျာရယ် ကျွန်တော့်ဓာတ်ပုံဆရာရယ်ဘဲ ရှိတဲ့အတွက် ကျွန်တော်တို့ပွဲချိန်ကလည်း အရမ်းကပ်နေလို့ သတိမမူဘဲ အလောတကြီး ဝတ်ဆင်ခဲ့မိသွားပါတယ် ခင်ဗျာ’’ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Hein MIn Thu

အဲဒီနောက် သူ့ရဲ့ ပုဆိုးပြောင်းပြန်ဝတ်ထားတယ်ဆိုတဲ့ အမှားကို ထောက်ပြပြောဆိုသူတွေရှိခဲ့သလို ဝေဖန်မှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် ဟိန်းမင်းသူက နောက်နောင် ဆင်ဆင်ခြင်ခြင် ဝတ်စားဆင်ယင်မယ် ဆိုတာကိုလည်း ပြောလာပါသေးတယ်။

‘’ကျွန်တော် ပွဲ တက်နေစဉ် ကနေ ပွဲ ပြန်တဲ့အထိ လုံး၀ သတိမထားမိခဲ့ပါဖူးဗျ။ ကျွန်တော် လူမှုကွန်ယက်ပေါ် ဓာတ်ပုံတင်ပြီးနောက် commets များ လာရေးတော့မှသာ သတိထားခဲ့မိပါတယ်ဗျ။ ထို့ကြောင့် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော့် သတိမမူအမှားတခုကြောင့် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း ရည်ရွယ်ချက်မရှိပါဗျ။ အဲဒီအတွက် ကျွန်တော်ပာိန်းမင်းသူမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်ပျက်မျိုး မဖြစ်စေရန် သတိထားဆင်ခြင်ပါ့မယ်ခင်ဗျ’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Hein MIn Thu

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့က The One Entertainment မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဒီပွဲကိုတော့ အနုပညာအသိုင်းအဝိုင်းက သရုပ်ဆောင်များစွာတို့ တက်ရောက်လာတာ တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲဟာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုကြတဲ့ ပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်။

Photo: Hein MIn Thu

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှု အများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်"ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က