သူမကိုအားပေးတဲ့ ပရိသတ်တွေက လက်ဆောင်ပေးခဲ့ကြတာပါတဲ့။

ရွှေပိုးအိမ်တစ်ယောက် ပုဇွန်ကင်အကြီးကြီးတွေနဲ့ Surprise လုပ်ခံရလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ မွေးနေ့ကတော့ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်က သူ့ရဲ့ မွေးနေ့မတိုင်ခင် ပရိသတ်တွေလုပ်ပေးတဲ့ Surprise တွေကြောင့် အရမ်းပျော်နေတာ တွေ့ရပါတယ်။ ဒီ Surprise ကိုတော့ ပရိသတ် ၂ဦးက ပန်းစည်းသဖွယ်ပြင်ဆင်ထားတဲ့ ပုဇွန်ကင်အကြီးကြီးတွေကို မွေးနေ့အကြိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

‘’ဟယ်လို .. ဒီနေ့ Birthday Surprise တစ်ခုရပါတယ်။ ဝါး.. ကြည့်ကြည့်ကြပါဦး။ အရမ်းချစ်တဲ့ အချစ်ဆုံး ၂ ယောက်ရယ်၊ အဝေးကြီးကနေ လှမ်းပို့ပေးတဲ့သူတွေကို အရမ်းကျေးဇူးတင်ပါတယ်လို့။ ဒီနေ့ အရမ်းပျော်နေတယ်။ အဝေးကြီးကနေ အိမ်အထိလာပြီးတော့ Surprise လာလုပ်ကြတာကြောင့်လည်း အရမ်းချစ်တယ်’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ Facebook Live မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ရဲ့ မွေးနေ့ကတော့ သြဂုတ်လ ၁၅ ရက်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ အလှူ အတန်းတွေ လုပ်ရင်း We Love Shwe Poe Eain အဖွဲ့နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားချင်တယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက မမများအဖွဲ့နဲ့ အမေများအဖွဲ့ကို ၃၃၀၀၀ တန် ပေါ်ဆန်းမွှေးဆန်အိတ် ၁၅ အိတ်နဲ့ အထက်ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်က သူမရဲ့ မွေးနေ့နဲ့ ပတ်သက်လာရင် ငယ်စဉ်ကတည်းက ကြီးကြီးမားမား အမှတ်တရမျိုး မရှိခဲ့ဖူးဘူးလို့ Duwun Media အင်တာဗျူးမှာဖြေဆိုခဲ့ပါတယ်။ သူမဟာ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ မွေးနေ့ပွဲလေး မကျင်းပခဲ့ဖူးပါဘူးတဲ့။

‘’ရွှေပိုးတို့ ငယ်ငယ်တုန်းက အဖေနဲ့ အမေက ကွဲနေတာပါ။ အခုဆိုရင်လည်း အဖေနဲ့ အစ်ကိုနဲ့က ဆုံးသွားတာ ၄ နှစ်၊ ၅ နှစ်လောက်ရှိပြီ။ မွေးနေ့ဆိုတာကိုလည်း ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ် တကူးတကကြီး အိမ်မှာ လုပ်ပေးခဲ့တာမျိုးမရှိဘူး။ လှူချင်ရင်တော့ သွားလှူ၊ လှူမယ့် မုန့်ဖိုးလေးတော့ ပေးမယ်ပေါ့။ အမေကတော့ မွေးနေ့ပွဲလုပ်ဖို့ အချိန်မပေးနိုင်ဘူးပေါ့နော်။ အမေက အိမ်ထောင်ဦးစီးလည်းဖြစ်၊ စီးပွားလည်းရှာရတဲ့သူဆိုတော့ မလုပ်ပေးဘူး။ ရွှွေပိုးတို့ မောင်နှမတွေကလည်း မွေးနေ့ပွဲဆိုတာမျိုး လုပ်ခဲ့တာတွေ မရှိဘူး’’ လို့လည်း ဆက်လက် ပြောပြလာပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က