သားသမီးတွေအတွက် စံပြ တစ်ယောက်ပါ။

ဒီနေ့ ဇူလိုင်(၈) ရက်နေ့ဟာ သူတို့ ဇနီးမောင်နှံ နှစ်ယောက်စတင် တွေ့ဆုံခဲ့တဲ့ အမှတ်တရနေ့လေး ဖြစ်တယ်လို့ သိရပါတယ်။

Photo: Thandar Hlaing



သန္တာလှိုင်က သူမ Single Mother တစ်ယောက်အနေနဲ့ စိတ်ဓာတ်ကျနေချိန်မှာ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အကူအညီပေးခဲ့ဖူးတဲ့ ကောင်လေးဟာ အခုဆိုရင် သူမရဲ့ ခင်ပွန်းတစ်ယောက်ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။ သူမရဲ့ အလုပ်မှန်သမျှ ဘေးကနေ ပံ့ပိုးပေးခဲ့တဲ့ ခင်ပွန်းအကြောင်းကို အမှတ်တရနေ့လေးဖြစ်တဲ့ ဒီနေ့လေး ယခုလို ပြောပြခဲ့ပါတယ်။

 " လွန်ခဲ့တဲ့ ၅ နှစ်လောက်က စိတ်ဓါတ်တွေ ကျနေသော single mother တစ်ယောက်ကို အမေချင်း ကိုယ်ချင်း စာနာစိတ် အပြည့်နဲ့ ကလေးကိုချီပြီး ကားထဲကို လိုက်ပို့ပေးတာကို မတော်ရသေးတဲ့ ယောက်ဖက ယောက်ဖလို့ နောက်ပြီးခေါ်လိုက်ရာကနေ တကယ်ကြီး ယောက်ဖတော်သွားတဲ့ ကောင်လေး၊ ကျွန်မဘာလုပ်လုပ် အထင်ကြီးတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်ပြီး ဘာလုပ်လုပ် အစွမ်းကုန်ပံ့ပိုးခဲ့တဲ့ ကောင်လေး၊ ကလေးမချစ်တတ် ဘူးဆိုပြီး ကလေးတွေရဲ့ အသဲဖြစ်နေတဲ့ ကောင်လေး" ဆိုပြီးတော့ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Thandar Hlaing

ဒီနေ့ ဇူလိုင်(၈) ရက်နေ့ဟာ သူတို့ ဇနီးမောင်နှံနှစ်ယောက်စတင် တွေ့ဆုံခဲ့တဲ့ အမှတ်တရနေ့လေး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူမအတွက်ရော၊ သားနဲ့သမီးအတွက်ပါ မိသားစုဝင်ကောင်းတစ်ယောက် ဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။

 " အချိန် ၅ နှစ်အတွင်းမှာ သူဟာ ချီစရာ ကလေးလည်း မရှိတော့ပေမယ့် အရွယ်ရောက်လာကြတဲ့ သားနဲ့ သမီး ၂ယောက်စလုံးရဲ့ စံပြယောကျ်ားအနေနဲ့ အထင်ကြီးခြင်းတွေကို သိမ်းပိုက်ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ၊ ယောက်ဖက သူရှာပေးထားတာလို့ ဂုဏ်ယူစွာပြောယူရတဲ့ မိသားစုဝင် ယောက်ျားကောင်း၊ မိန်းမလုပ်သမျှ ကို အထင်ကြီးတဲ့ မျက်ဝန်းတစ်စုံကနေ မိန်းမကို အမျိုးသမီးတွေအတွက် ကျန်းမာရေး နဲ့ပတ်သက်လာရင် စံပြနေရာကနေ မျှဝေပြီး ရပ်တည်နိုင်အောင် သူက အနောက်ကနေ ဦးဆောင်ပြီး ဖန်တီးပေးထားတဲ့ လမ်းကြောင်းတွေကြောင့် ကုသိုလ်လည်းရ ဝမ်းလည်းဝ တဲ့ အင်ပါယာကြီး တစ်ခုလုံးကို ကြိုးကိုင်ထားတဲ့ ဦးနှောက် တစ်လုံးနဲ့ လက်တစ်စုံ လို့ သူ့လက်အောက်ငယ်သားတွေက တင်စားကြရတဲ့ တည်ကြည်သော လူလတ်တစ်ဦး ခြုံပြီးပြောရရင်တော့ ကျွန်မအထင်ကြီးသော ယောကျ်ားတစ်ယောက် ကြွေဆဲ..... Happy Anniversary baby" ဆိုပြီး ခင်ပွန်းကို ချီးကျူးထားပါသေးတယ်။



Photo: Thandar Hlaing

သန္တာလှိုင်တို့ အိမ်ထောင်သက်တမ်းဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဆိုရင် (၃) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ 

သန္တာလှိုင်ကိုတော့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူမဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမဟာ လက်ရှိမှာ T's Workshop studio gym နဲ့ T’s Application ကို ဦးဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က