သူ့ရင်ထဲက စကားတွေနဲ့ ဆုတောင်းပေးခဲ့တာပါ။

ဇဏ်ခီကတော့ ထိပ်စီးပြောင်းသွားတဲ့ မွေးနေ့လေးမှာ ချစ်ဇနီးလေးရဲ့ မွေးနေ့ဆုတောင်းနဲ့ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းတွေကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Christina Kyi



သရုပ်ဆောင် ဇဏ်ခီရဲ့ မွေးနေ့မှာ ချစ်ရတဲ့ ဇနီးချောလေး ခရစ္စတီးနားခီက အခုလို မွေးနေ့ဆုတောင်း စကားတွေ ပြောပြလာပါတယ်။ သြဂုတ်လ(၂၅) ရက်နေ့ကတော့ ဇဏ်ခီရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ 

" Happy Birthday,My Love!! ပညာနဲ့ယှဉ်တွဲပြီးမှ လုပ်ရသောအနုပညာ၊ သစ္စာတရားနဲ့ယှဉ်တွဲပြီးမှ ရပ်တည်ရသော ခံယူချက်၊ မေတ္တာနဲ့ယှဉ်တွဲပြီးမှ ဝေမျှရသော ဒါနကုသိုလ် တို့ဖြင့်သာ ဘဝကို အနှောင့်အယှက်ကင်းကင်းဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်နော်...Love you so much!!" ဆိုပြီးတော့ သြဂုတ်လ(၂၅) ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Zenn Kyi

သရုပ်ဆောင် ဇဏ်ခီကလည်း ၂၀၂၀ ခုနှစ် သြဂုတ်လ(၂၅) ရက်နေ့ မွေးနေ့ကတော့ သူ့ရဲ့ အသက်(၄၀) ပြည့်မွေးနေ့ဖြစ်တယ်လို့ အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်ကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ 

" ထိပ်စီးနံပါတ်ပြောင်းတဲ့နေ့.. (feeling Oops! ?) မွေးနေ့ဆုတောင်းပေးသူတစ်ဦးတယောက်ချင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ မွေးနေ့တူသူများအားလုံးကိုလည်း Happy Birthday! ပါနော။ အားလုံးလဲ လိုအင်ဆန္ဒတွေပြည့်စုံကြပါစေ.. " ဆိုပြီးတော့လည်း ဇဏ်ခီက သြဂုတ်လ(၂၅) ရက်နေ့ ညနေ (၆) နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။ 

Photo: Zenn Kyi

သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ "ဥပါယ်တံမျဉ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့"မုဒြာရဲ့ ခေါ်သံ" ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ကြပါတယ်။ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ " ထာဝရနှောင်ကြိုး" ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမို ရရှိလာခဲ့ကြတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က