သူမအတွက် အမှတ်တရတွေ ရှိတယ်လို့ ဆိုပါတယ်။

စန္ဒီမြင့်လွင်ဟာ သူမရဲ့ သီချင်းတိုင်းကို မတူညီတဲ့ ရသပေးနိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး အခုလည်း အလန်းစား Rap သီချင်းတစ်ပုဒ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။ 

Photo: Sandi Myint Lwin



စန္ဒီမြင့်လွင်က သူမအတွက် အမှတ်တရ ရှိတဲ့ သီချင်းလေး အကြောင်းပြောပြလာပါတယ်။ " Long Way To Go" ဆိုတဲ့ သီချင်းမှာ ပရိသတ်ကို ထူးခြားတဲ့ ရသတစ်ခု ပေးချင်တဲ့ ဆန္ဒနဲ့ Rap စာသားတွေ ကို အမိုက်စား ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ 

"Long Way To Go" အမှတ်တရ အနေနဲ့ Rap အကုန်လုံးကို English လို ဆိုထားတဲ့ သီချင်းပါ။ မတူညီတဲ့ ခံစားချက်တွေနဲ့ ပရိသတ်တွေကြားမှာ ဒီးဒီတို့လို ပရိသတ်ကို ဖျော်ဖြေတဲ့သူတွေအနေနဲ့ မတူညီတဲ့ ရသတွေကိုပေးနိုင်တဲ့ သီချင်းတွေ ဖန်တီးရပါတယ် ။ အလွမ်းအဆွေးကြိုက်တဲ့ပရိသတ် တွေအတွက် R&B အေးအေးလေးတွေဆိုရသလို အမိုက်စားတွေကိုမှကြိုက်တတ်တဲ့ပရိသတ်တွေအတွက်ကျပြန်တော့ Rap အမိုက်စားတွေ ဆိုရပြန်ပါတယ် ။ ဆိုသမျှကိုတော့ ကိုယ်တိုင်သေချာကြိုက်ပြီဆိုမှ ဆိုခဲ့တာပါ" ဆိုပြီးတော့ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ 

Photo: Sandi Myint Lwin

အဆိုတော် တစ်ယောက်အနေနဲ့ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ် ထူးခြားမှုတွေ ဖြစ်စေဖို့ သေချာ စဉ်းစားရတယ်လို့ စန္ဒီမြင့်လွင်က ပြောပါတယ်။ " Long Way To Go" သီချင်းကို သူမရဲ့ မင်္ဂလာဆောင်မှာလည်း ကိုယ်တိုင် သီဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

"ဆိုခဲ့ဖူးသမျှ သီချင်းတိုင်းကတော့ အမှတ်တရတွေချည်းပါပဲ။ ဖန်တီးတဲ့နေရာမှာလည်း ပရိသတ်ကြိုက်ဖို့ရယ်၊ ဆိုတဲ့ကိုယ်ကိုယ်တိုင်လည်း ကြိုက်ဖို့ရယ် ဆိုတဲ့အချက်တွေကို အဓိကထားပြီး ဖန်တီးဖြစ်ပါတယ်။ ကိုယ့်လိုင်းထဲက ကိုယ်ဆိုနေကျပုံစံထဲက ချော်မထွက်အောင်လည်း ဂရုစိုက်ရပါတယ် ။ ဒီသီချင်းလေးကိုတော့ ဒီးဒီကိုယ်တိုင်လည်း တကယ်ကြိုက်တယ်။ အမှတ်တရလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ကိုဂျေးမီရေးပေးထားတာပါ။ Beat နဲ့ Featuring ကိုတော့ Chris Brown တို့နဲ့ တူတူတွဲအလုပ်လုပ်နေတဲ့ နိုင်ငံခြားက Musician တစ်ယောက်ဖြစ်တဲ့ Corbett က တီးတာရော၊Featuring ဆိုတာရောကို တကယ်စေတနာပါပါနဲ့ ကူညီပေးထားတာပါ။ မှတ်မှတ်ရရအနေနဲ့ ဒီးဒီ မင်္ဂလာဆောင်တုန်းက ဒင်နာပါတီမှာ သတို့သမီးဝတ်စုံ(Dinner Dress)နဲ့ စင်ပေါ်မှာ ဆိုခဲ့ဖူးသေးတယ်"ဆိုပြီးတော့ ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo: Sandi Myint Lwin

စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " ဆေးရောင်လှလှခြယ်ရအောင်" ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း "Queen" ၊ "ကလီယိုပါထရာ" ၊ "Papi" ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က