(၁)နှစ်ပဲ ရှိပါသေးတယ်။
Ei Ei Myat

ဆယ်ကျော်သက် မိန်းကလေး အဆိုရှင်တွေ ဖွဲ့စည်းထားတဲ့ Rose Quartz  အဖွဲ့လေးကတော့ (၁)နှစ်စာချူပ်သက်တမ်းအပြီးမှာ လမ်းခွဲလိုက်ကြပါပြီ။သူတို့ကို ချစ်တဲ့ ပရိသတ်တွေကတော့ စိတ်မကောင်း ဖြစ်လို့နေပါတယ်။

 

Photo : JBJ

ဆယ်ကျော်သက်မိန်းကလေး(၅)ယောက် ဖွဲ့စည်းထားတဲ့ Rose Quartz အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီလို့ JBJ Entertainment က ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ်ကစပြီး JBJ နဲ့ ထိုင်းနိုင်ငံ အခြေစိုက် Entertainment တို့ ပူးတွဲပြီး (၁)နှစ်အတွင်းလုပ်ဆောင်မယ့် လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပေမယ့် ရှေ့ဆက်ဖို့အတွက် အဖွဲ့ဝင်များနဲ့ တိုင်ပင်ကြည့်ရာမှာတော့ အဖွဲ့ဖျက်သိမ်းဖို့အတွက် အားလုံး သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

“2019 ခုနှစ် ဇွန်လအထိမှာတော့ JBJ Entertainment နဲ့ 0316 Entertainment ကြား သဘောတူညီထားခဲ့သော Project က အားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ JBJ Entertainment ကတော့ Rose Quartz member တွေဖြစ်ကြတဲ့ Cindy၊ Naychi တို့နဲ့ အချိန်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နှစ်ဦးစလုံးရဲ့ Rose Quartz မှာ ထွက်ခွာပြီး လမ်းအသစ်ကို စတင်ဖို့ရာကို အားပေးပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်ဖြစ်ပါတယ်။ အခုအချိန်အထိ အတူတူရှိခဲ့ကြတဲ့ Naychi နဲ့ Cindy ရဲ့ ရှေ့လှျှောက် လှုပ်ရှားမှုတွေကိုလည်း ချစ်ခင်အားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဆိုပြီး အောက်တိုဘာ(၄) ရက်နေ့ က JBJ ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာတရားဝင်ထုတ်ပြန်ထားပါတယ်။

Photo : JBJ

ဒါ့အပြင် ကိုရီးယားအဆိုတော်မလေး sungshin အနေနဲ့ အနုပညာလှုပ်ရှားမှု ရပ်ဆိုင်းထားရခြင်းကိုလည်း တရားဝင်ပြောပြထားပါသေးတယ်။ Sungshin ကတော့ "3, 2, 1!" Album activity လုပ်ဆောင်ကတည်းက ကျန်းမာရေး အခက်အခဲတွေ ရှိခဲ့တာကြောင့် ထိုင်းနဲ့ကိုရီးယားကို သွားလာရင်း ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အဆက်မပြတ် ကုသမှုခံယူပြီး ကျန်းမာရေးအခြေအနေက များစွာတိုးတက်လာခဲ့သော်လည်း Rose Quartzရဲ့ activity ဆက်လက်ပြုလုပ်ရာမှာ အခက်အခဲရှိနိုင်သည်ဟု ကျွမ်းကျင်သူ အကြံပြုချက်အရ Sungshin ရဲ့ ကျန်းမာရေးအတွက် Rose Quartz တွင် အနုပညာလှုပ်ရှားဖို့ကို စိတ်မကောင်းစွာနဲ့ပဲ ရပ်နားလိုက်ရပါတယ်။ လက်ရှိမှာတော့ Sungshin ဟာ ကိုရီးယားနိုင်ငံတွင် မိဘများနဲ့အတူ အနားယူရင်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာဖို့ကို အားစိုက်လျက်ရှိပါတယ်။ ကျန်းကျန်းမာမာရှိလာမယ့် Sungshin ကို စောင့်မျှော်ပေးခဲ့ကြတဲ့ Venus များ အားလုံးထံ အနူးအညွတ် တောင်းပန်ရင်းနဲ့ အခုအချိန်အထိ Sungshin ကို ချစ်မြတ်နိုးပေးကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပန်ကြားလိုပါတယ်” ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : JBJ

Rose Quartz အဖွဲ့ဟာ ကိုရီးယား၊ မြန်မာ၊ ထိုင်း စတဲ့ ဂီတကို ဝါသနာကြီးလွန်းတဲ့ ကောင်မလေး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ သူတို့ အဖွဲ့ဟာ Realize ၊ Ra Pa Pam Pam နဲ့ 3, 2, 1 ဆိုတဲ့ သီချင်းတွေ ထွက်ရှိခဲ့ပြီးပါပြီ။ Rose Quartz အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Sung Shin ဆိုတဲ့ ကိုရီးယားမလေးတစ်ဦး၊ ထိုင်းမလေးတွေဖြစ်တဲ့ EARN နဲ့ EING မြန်မာမလေးတွေဖြစ်တဲ့ Cindy နဲ့ နေခြည်တို့ ပါဝင်ကာ မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံမှာပါ ရှိတဲ့ ပရိသတ်တွေ အခိုင်အမာရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။


က္က