မျှော်လင့်နေမယ် သီချင်းကို နှစ်ယောက်တွဲ ဆိုနေတာ ဖြစ်ပါတယ်။

မြင့်မြတ်နဲ့ တိုင်ရွန်တို့က Rဇာနည်သီချင်းနဲ့ နှစ်ယောက်သား အပီအပြင်ကို ဟဲနေကြတာပါ။ အသံတွေက လုံးဝအမိုက်နော်။

 

Photo : တိုင်ရွန်



သရုပ်ဆောင် မြင့်မြတ်နဲ့ တိုင်ရွန်တို့က ရုပ်ရှင်ဇာတ်ကားကြီး အတူတူ ရိုက်ကူးနေကြတာပါ။ ရှုတင်အပြီး ညပိုင်းမှာ သီချင်းတွေ ဆိုနေကြတာပါ။ Rဇာနည်နဲ့ “မျှော်လင့်နေမယ်” သီချင်းကို မြင့်မြတ်နဲ့ တိုင်ရွန်တို့ အတူတူသီဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိုင်ဖောက် ညီညီနဲ့ အပီအပြင်ကို ဟဲနေခဲ့တာပါ။ သူတို့တွေ ပျော်နေတာကိုလည်း ပရိသတ်တွေအပျော်ကူးစက်စေဖို့အတွက် တိုင်ရွန်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၆) ရက်နေ့ညက သီချင်းဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးခဲ့ပါတယ်။


နှစ်ယောက်စလုံးရဲ့ အသံက ကောင်းလွန်းတာကြောင့်လည်း ပရိသတ်တွေ ချီးကျူးထားပါသေးတယ်။ မြင့်မြတ်နဲ့ တိုင်ရွန်ဟာ လက်ရှိမှာ “ချိုးရုပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခင်လှိုင်က ရိုက်ကူးနေတာ ဖြစ်ပြီး သရုပ်ဆောင်တွေ အဖြစ် မြင့်မြတ်၊ တိုင်ရွန်၊ခင်လှိုင်၊ ညီနန္ဒ၊ ဂျိုကာ စိုးမိုးကြည်၊ ရွှေပိုးအိမ်တို့က အဓိက ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကို ရှမ်းပြည်နယ်၊နောင်ချိုမြို့မှာ သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ အနုပညာနဲ့ ပတ်သက်လာရင် ပေးအပ်လာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံးကြိုးစားပြင်ဆင်လေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုစာကို ရောက်ရှိနေတာဖြစ်ပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo : တိုင်ရွန်

မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ တိုင်ရွန်က သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းကစပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေတာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က