ပျောက်နေတဲ့ စာအုပ်လေး ပြန်တွေ့ပါပြီတဲ့။

ပိုပိုက သူမအတွက် ဘဝနဲ့ထပ်တူ အရေးပါလွန်းတဲ့ စာအုပ်လေးအကြောင်း ပြောပြလာပါတယ်။ သူမဟာ ဒီစာအုပ်လေးပျောက်သွားလို့လည်း အရမ်းကို စိတ်ပူပန်ခဲ့ရပါတယ်တဲ့။

Photo: Po Po



ပိုပို တစ်ယောက် သူမဘဝမှာ တန်ဖိုးထားရတဲ့ စာအုပ်လေး တစ်အုပ်အကြောင်း ရင်ဖွင့်ပြောပြလာပါတယ်။ ဒီစာအုပ်နဲ့ ပိုပိုဟာ တစ်သားတည်း ဖြစ်တယ်ဆိုတာကိုလည်း ပြောပြခဲ့ပြန်ပါတယ်။

‘’ပြန်တွေ့ပြီ။ ဘဝ တစ်လျောက်လုံးမှာ အမြတ်နိုးဆုံး အရေးပါဆုံး။ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာ ပိုပို ဆိုတာ ဒီစာအုပ်လေးရှိမှ ပိုပို ဖြစ်မှာ Sorry my best fri, ဒီတခါ သေသေချာချာ သိမ်းပါ့မယ်။ မင်းသာ သက်ရှိဖြစ်မယ်ဆို ငါငိုနေတာကြည့်ပြီး ကောင်းတယ် ငါ့ကို မေ့ထားတာ လို့ပြောမှ ပဲ မင်းကိုဆုံးရှုံးမယ်ဆိုရင် ငါ အခုပိုင်ဆိုင်ထားတာတွေက ဘာမှ အဓိပ္ပါယ်မရှိဘူး I need you my fri’’ ဆိုပြီးတော့ ဇူလိုင်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ မိနစ် ၄၀ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Po Po

ပိုပိုက သူမစိတ်ကြိုက်တည်ဆောက်ထားတဲ့ အိမ်အသစ်ကြီးကို ရွှေ့ပြောင်းတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပစ္စည်းတွေသိမ်းရတဲ့အခါ သူမကိုယ်တိုင် တန်ဖိုးထားခဲ့ရတဲ့ စာအုပ်လေးပျောက်လို့ ဝမ်းနည်းခဲ့ရပါသေးတယ်။ 

‘’အိမ်တစ်ခါပြောင်းရင် မြတ်နိုးတန်ဖိုးထားတဲ့ဟာတွေ ပျောက်တယ် ရှာမရ။ အခုလည်း သီချင်းတွေ စုရေးထားတဲ့ စာအုပ်ပျောက်တယ်၊ ဘယ်နေ့ ဘယ်အချိန် ဘယ်ခုနစ်မှာ ရေးပါတယ်ဆိုတာ မှတ်ထားတဲ့ chords တွေရော မထွက်ခဲ့တဲ့ သီချင်းတွေပါပါတဲ့ သီချင်းစာအုပ်ပျောက်နေတာ ကြေကွဲတယ်။ ရွှေပျောက်တာတောင် ဝယ်လို့ရတယ် အဲဒီစာအုပ်က ဝယ်မရဘူး။ ဒီကမ္ဘာမှာ တစ်ခုတည်းသောစာအုပ် (ငါ စည်းကမ်းမရှိတာပါ ငါအသုံးမကျတာပါ’’ ဆိုပြီးတော့ ဇူလိုင် ၂ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Po Po

ပိုပိုဟာ သူမရဲ့ အိမ်သစ်တက်ပွဲကိုတော့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီအိမ်ကလည်း သူမရဲ့ အနုပညာကြေးက ရတဲ့ ငွေကြေးနဲ့ စုဆောင်းပြီး တည်ဆောက်ထားတဲ့ အိမ်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အိမ်ရဲ့ ကုန်ကျစာရိတ်ကတော့ သိန်း ၅၀၀၀ ခန့် ရှိတယ်လို့လည်း သူက ပြောပါတယ်။

Photo: Po Po

ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က