သားလေးနဲ့တွေ့ရတော့မှာမို့ ပျော်နေပါတယ်။

ယွန်းဝတီလွင်မိုးက စာမေးပွဲပြီးလို့ မြန်မာနိုင်ငံကို ပြန်လာနေပါပြီ။ သူမရဲ့ ခင်ပွန်းဖြစ်သူလည်း လိုက်ပါလာခဲ့ပါတယ်။ မကြာခင်မှာ မိသားစုတွေနဲ့အတူ တွေ့ဆုံရတော့မှာဖြစ်လို့ ပျော်ရွှင်နေကြပါတယ်။

Photo: Yun Waddy Lwin Moe



သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုး နဲ့ သူမရဲ့ ခင်ပွန်းတို့ဟာ စာမေးပွဲပြီသွားလို့ မြန်မာနိုင်ငံကို ပြန်လာနေကြပြီဖြစ်ပါတယ်။ သူမဟာ ‘’Done with exam, so ready to go home. Also 8degree with rain today’’ ဆိုပြီးတော့ သူ့ရဲ့ Instagram Story မှာ ဇွန်လ ၁၉ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါတယ်။ သူမ ပြန်မလာခင်တုန်းက ဇွန်လ(၂၀) ရက်နေ့မှာ ပြန်လာတော့မယ်လို့ ဆိုပါတယ်။ သူ့ရဲ့ My Day မှာ ပရိသတ်တွေမေးတဲ့ မေးခွန်းလေးကို ပြန်ဖြေထားရင်း ပြောပြထားတာပါ။ ဇွန်လ(၄) ရက်နေ့က သူမရဲ့ My Day မှာ ပရိသတ်တစ်ဦးက မြန်မာနိုင်ငံကို ဘယ်အချိန်ပြန်လာမလဲလို့ မေးခဲ့တာပါ။ယွန်းဝတီလွင်မိုးကတော့” June20 can’t Wait” ဆိုပြီး ပြန်ဖြေထားပါသေးတယ်။

Photo: Yun Waddy Lwin Moe

ယွန်းဝတီလွင်မိုးကတော့ သားလေးနဲ့ တွေ့ရတော့မှာမို့ သူမလည်း ပျော်နေမှာပါ။ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက အခုဆိုရင် (၉)လသားအရွယ်လေးကို ရောက်နေပါပြီ။ ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။

Photo: Yun Waddy Lwin Moe

သရုပ်ဆောင် ယွန်းဝတီလွင်မိုးနဲ့ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်တို့ဟာ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ကျောင်းလည်း တက်ရင်း အလုပ်လည်း လုပ်နေကြတာပါ။ ဒါကြောင့် သူတို့ရဲ့ တစ်ဦးတည်းသော သားလေး Liam ကို ရန်ကုန်မှာရှိတဲ့ မိဘတွေနဲ့ထားခဲ့တာပါ။





Photo: Yun Waddy Lwin Moe

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က