အသက် ၄၀ ပြည့်မွေးနေ့နဲ့ ၁၅ ကြိမ်မြောက် Show ပွဲဖြစ်ပါတယ်။

တက္ကသိုလ်စာမေးပွဲ ဖြေဆိုကြမယ့် ပရိသတ်တွေအေတွက် စဉ်စားပြီး Birthday Show ပွဲလက်မှတ်တွေ ရောင်းချမယ့်ရက်ကို စိုင်းစိုင်းက ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ သူ့အတွက် အသက် ၄၀ ပြည့်မွေးနေ့ဖြစ်သလို၊ ၁၅ ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ Birthday Show ပွဲလည်းဖြစ်ပါတယ်။

Photo: R Kar Soe

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၁၅ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Birthday Show လက်မှတ်တွေကိုတော့ တက္ကသိုလ်တွေရဲ့ စာမေးပွဲ ဖြေဆိုပြီးမှသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ စိုင်းစိုင်းက အသက် ၄၀ ပြည့်မှာဖြစ်ပါတယ်။

‘’စိတ်ချ လက်ချ စာကျက်ပါ။ စာမေးပွဲပြီးမှ လက်မှတ်စရောင်းပါမယ်။ Early Bird အစီအစဉ်ရှိပါတယ်။ အမှတ်တရလက်ဆောင် ဟဲဗီး စီစဉ်နေပါတယ်။ လက်မှတ်ဈေးနှုန်းနဲ့ ရောင်းချမယ့်နေရာ ကြေညာပါမယ်။ အဓိကကတော့ April 10 ရက်နေ့ညကို အားထားဖို့ပါပဲ။ Official Poster မကြာမီ လာမည်’’ ဆိုပြီးတော့ မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီ ၁၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Actural

ပရိသတ်အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ သေချာသွားပြီဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်မယ့် နေရာကိုလည်း စိုင်းစိုင်းက အခုလို ကြေညာမောင်းခတ်လိုက်ပါပြီ။

‘’မိတ်ဆွေများခင်ဗျား။ ၁၅ ကြိမ်မြောက် SAISAI BIRTHDAY SHOW ကို ရန်ကုန် သုဝဏ္ဏဘူမိကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ပံ့ပိုးကူညီတဲ့ Sponsor Brand တွေနဲ့ အသေးစိတ်အကြောင်းအရာတွေ ဖျော်ဖြေရေးအစီအစဉ်တွေကို ထပ်မံကြေညာပါမယ်’’ ဆိုပြီးတော့ မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Htoo Kyaw Htet

ဒီ ဖျော်ဖြေပွဲအတွက်ကိုလည်း စိုင်းစိုင်းကိုယ်တိုင်က နေ့မနား၊ ညမအား အားသွန်ခွန်စိုက် ဆောင်ရွက်နေသူပါ။ ဒါကြောင့်လည်း ပရိသတ်တွေကို အချိန်မပေးနိုင် ဖြစ်ခဲ့ရတယ်လို့ မတ်လ ၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

‘’Birthday Show အတွက် ဒီမနက် အစည်းအဝေးတက်ဖို့ မနေ့ညက ဘန်ကောက်ကို လေယာဉ်တစ်တန်၊ ရထားတစ်တန်နဲ့သွားပြီး ဒီနေ့ညနေ Taxi တစ်တန် ကားလမ်းပိတ်ပြီး နောက်ကျလို့ ရထားတစ်တန် အသားကုန်ပြေးပြီး လေယာဉ်တစ်တန်နဲ့ ပြန်လာပြီး အခု Birthday Show အမှီ ပရိသတ်ကိုလက်ဆောင်ပေးနိုင်ဖို့ Frenzo နဲ့ အစည်းအဝေးကို ထပ်ပြေးနေတဲ့မေမေ့သားလေး။ တစ်လက်စတည်း ပွဲအတွက် ဒီလောက် ချာလပတ်ရမ်းအောင် လုပ်နေရတဲ့အတွက် ဘယ်ကျောင်းကိုမှ မရောက်ဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း’’ ဆိုပြီးတော့ ရေးသားထားတာပါ။

Photo: Sai Sai

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က