မန္တလေးရောက်တုန်း သူ့ရဲ့ ဆိုင်သစ်လေးကို ဝင်လည်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်က လမ်းခွဲလိုက်တဲ့ ရည်းစားဟောင်းရဲ့ ဆိုင်ကို နေခြည်ဦးက သွားလည်ခဲ့တာပါ.မန္တလေးကို အလုပ်ကိစ္စနဲ့ သွားရင်း ဝင်လည်ခဲ့တာ ဖြစ်ပါတယ်.

Photo : နေခြည်ဦး FB



နေခြည်ဦးက မန္တလေးကို အလုပ်ကိစ္စနဲ့ သွားရင်း ရည်းစားဟောင်း ဖွင့်တဲ့ ဆိုင်လေးကို ဝင်လည်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က လမ်းခွဲခဲ့တာပါ။ လမ်းခွဲပြီးနောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ရဲ့ Relationship က သူငယ်ချင်းတွေအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ အင်တာဗျူး တော်တော်များများ မှာ နေခြည်ဦးက ဖြေခဲ့ဖူးပါတယ်။

Photo : နေခြည်ဦး FB

အခုလည်း ချစ်သူဟောင်းရဲ့ ဆိုင်ကို ဝင်လည်ရင်း သူ့အတွက် ဂုဏ်ပြုစကားလေးလည်း ပြောထားတာတွေ့ရပါတယ်။

“နင့်အတွက် အရမ်း ဂုဏ်ယူတယ် ဘာမှ ပြောစရာမရှိအောင် ပြည့်စုံပါတယ်။ (Especially food and shisha) ရန်ကုန်မှာလည်း ဒီလို တစ်ဆိုင်လောက်လာဖွင့်စမ်းပါဟာ!! “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : နေခြည်ဦး FB

ရည်းစားဟောင်းအတွက် ဂုဏ်ပြုစကားပြောရင်းနဲ့ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပါသေးတယ်။ သူမရဲ့ ပို့စ်အောက်မှာလည်း ရည်းစားဟောင်း အောင်နွေဦးက “အေးနင့်အိမ်နားမှာလာဖွင့်မယ်" ဆိုဓြီး ပြန်ပြောထားပါသေးတယ်။ သူတို့နှစ်ယောက်ကိုတော့ နေခြည်ဦးရဲ့ ပရိသတ်တွေက ပြန်ပြီး အဆင်ပြေစေချင်ကြတာ တွေ့ရပါတယ်။


Photo : နေခြည်ဦး FB



နေခြည်ဦးတို့ စုံတွဲဟာ နားလည်မှုတွေနဲ့အတူ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ယခုအချိန်မှာတော့ သူငယ်ချင်းတွေအဖြစ် ဆက်လက်တည်ရှိနေတယ်လို့သိရပါတယ်။ နခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာ ဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ သူမက Beauty Bloggerတစ်ဦးအနေနဲ့သာမက အနုပညာအလုပ်တွေလည်း ဆောင်ရွက်လို့နေပါပြီ။


Photo : နေခြည်ဦး FB


သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိနေလိုသလို ယခုလက်ရှိ ရုံတင်ပြသနေတဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း သူမအတွက် ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိနေတာ တွေ့ရပါတယ်။ နောက်ထပ်လည်း “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အောက်ဖဲမလှန်ကြေး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က