ဆိုင်ရှင်တွေရဲ့ တောင်းဆိုမှုတွေကြောင့်ပါတဲ့။

သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဒီနှစ်မကုန်ခင်ထိတော့ Sexy လေးတွေ ဝတ်ခွင့်ပေးပါနော်ဆိုပြီး တောင်းဆိုုထားတာတွေ့ရပါတယ်။ ဒီနေ့ပြုလုပ်တဲ့ စိန်တိုက် ဆိုင်ဖွင့်ပွဲမှာ ဝတ်လာတဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။

Photo : နန္ဒီ



သရုပ်ဆောင် သင်ဇာဝင့်ကျော်က ဒီနှစ်မကုန်ခင်ထိတော့ Sexy လေးတွေ ဝတ်ခွင့်ပေးပါနော်ဆိုပြီး တောင်းဆိုုထားတာတွေ့ရပါတယ်။ ဒီနှစ်မကုန်ခင်အထိ ဆိုင်ဖွင့်ပွဲတွေ လက်ခံထားလို့ပါဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ပရိသတ်တွေကို တောင်းပန်ထားပါသေးတယ်။

ဆိုင်ဖွင့်ပွဲတွေလက်ခံထားလို့ဒီနှစ်မကုန်ခင်အထိတော့ sexy လေးတွေဝတ်ခွင့်ပေးပါနော်...သူတို့ရဲ့တောင်းဆိုမှုကြောင့်ဝတ်ရတာမို့လို့နဲနဲများသွားရင်လဲ တောင်းပန်ပါတယ်ရှင် “ ဆိုပြီး ဒီဇင်ဘာ(၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒီ

သင်ဇာဝင့်ကျော်က ဒီနေ့မှာ ပြုလုပ်တဲ့ စိန်တိုက် ဆိုင်ဖွင့်ပွဲကိုလည်း sexy ဆန်ဆန် ဝတ်ပြီး တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပုံတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုတွေများစွာ ရှိလို့နေပါတယ်။ သူမအနေနဲ့ နှစ်သစ်မှာလည်း ပရိသတ်တွေအတွက် အနုပညာပိုင်းရော ဖက်ရှင်ပိုင်းမှာပါ ထူးထူးခြားခြားလေး ပြောင်းလဲပြီး လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

"ကိုယ်က ကိုယ်အတွက် ထူးခြားဆန်းပြားတာလေးတွေပဲ လုပ်သွားဖို့ ရှိတယ်။ ဘာလို့လည်း ဆိုတော့ ပရိသတ်တွေ ကိုယ့်ကို တသမတ်တည်း မြင်ခဲ့တာဆယ်စုနှစ်ကျော်သွားပြီဆိုတော့ ဒီပုံစံထဲက ကွဲထွက်ပြီး နောက်တစ်မျိုးပြောင်းလဲပြီးတော့ သရုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်။ ဖက်ရှင်ကော သရုပ်ဆောင်ပိုင်းကောပေ့ါ" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : နန္ဒီ

အသက် ၃၀ ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒါအပြင် လှပတဲ့ သူ့ဘေးနားမှာတော့ ကောင်လေးချောချောလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အသေအချာပါပဲ။

'' သန့်သန့်ပြန့်ပြန် နေတတ်တဲ့သူ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိတဲ့လူ၊ ဝတ်ပုံစားပုံတွေဆိုလည်း K pop ဒီဇိုင်းတွေ မဟုတ်ပဲနဲ့ ရှုပ်ရှက်ခတ် မနေပဲ T-shirt နဲ့ ဂျင်းဘောင်းဘီလေး ဝတ်ရင်တောင်မှ ဆွဲဆောင်မှုရှိမယ့် ပုံစံမျိုး သဘောကျတယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ က လျှို့ဝှက်စာတမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

သူမဟာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ် ပါတယ်။ မကြာသေးခင်ကလည်း ချစ်သူနဲ့ လမ်းခွဲ ခဲ့တာကြောင့် အခုဆိုရင်တော့ သူ့ရဲ့ အချစ်ရေးက တစ်ယောက်တည်းဖြစ်နေပြီလို့ သိရပါတယ်။ Single ဖြစ်နေတဲ့ သင်ဇာကတော့ သူ့ကို နားလည်ပေးနိုင်မယ့် ချစ်သူ ကိုတော့ ရွေးချယ်နေတုန်းပဲ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က