သီချင်းတွေလည်း အများကြီးရှိပါတယ်တဲ့။

ရွှေထူးက Show ပွဲ လုပ်ဖို့ရော၊ တစ်ကိုယ်တော်အခွေ ထွက်ဖို့ အတွက်ကိုပါ သီချင်းအသစ်တွေ အများကြီး ရှိနေပြီလို့ ဆိုပါတယ်။ 

Photo: YH



ရွှေထူးကတော့ ဇူလိုင်(၈)ရက်နေ့ မနက်ပိုင်းက ဖေ့စ်ဘွတ်စာမျက်နှာပေါ်ကနေ သူ့ရဲ့ အနုပညာလှုပ်ရှားမှု အကြောင်းအရာလေးတွေကို ပြောပြခဲ့ပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ်နဲ့ Show ပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 

" အခုဆိုရင် ကျွန်တော့်ရဲ့ တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေ စီစဉ်ထားတာ (၉)ပုဒ်ရှိပြီ။ ကျွန်တော့်မှာ သီချင်းအသစ်တွေ အများကြီးရှိနေပါသေးတယ်။ အခွေကိုတော့ ၁၂ လပိုင်းမှာ ထုတ်ဖို့ ရည်ရွယ်ထားပါတယ်။ Show ပွဲလည်း လုပ်ဖို့ စီစဉ်ထားပါတယ်ခင်ဗျာ" ဆိုပြီးတော့ဇူလိုင် ၈ ရက်နေ့ မနက် (၁၀) နာရီ ဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ Live လွှင့်ရင်းပြောခဲ့ပါတယ်။ 

Photo: Shwe Htoo

ရွှေထူးကိုယ်တိုင်ရေးပြီး ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ သီဆိုထားတဲ့ " မိုးစက်များက ပြောသော" သီချင်းလေးကိုလည်း မကြာခင် ပရိသတ်ကို မိတ်ဆက်ပေးတော့မှာပါလို့ ရွှေထူးက ပြောပါတယ်။ 

"အခွေ အတွက်ရော၊ ဒီအတိုင်း သက်သက် တင်ပေးဖို့ ရည်ရွယ်ထားတဲ့ သီချင်းတွေလည်းရှိပါတယ်။ ဒီလ (၁၀) ရက်နဲ့ (၁၅) ရက်အတွင်းမှာ "မိုးစက်များက ပြောသော" Music Video လေး ထွက်ဖို့ရှိပါတယ်။ အခွေပုံစံနဲ့ သီချင်းအမြည်းလေးကို ကျွန်တော် တင်ပေးဦးမှာပါ။ Music Video လေးကိုလည်း ပရိသတ်တွေ အပြည့်အဝ စိတ်ကျေနပ် လောက်မယ်လို့ ထင်ပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Shwe Htoo

လက်ရှိမှာ ရွှေထူးက ကိုယ်တိုင် သီဆိုထားတဲ့ "မ ဆယ်လီ သား တစ်လီ" သီချင်းလေးကလည်း အောင်မြင်လျှက်ရှိပါတယ်။ အဲဒီနောက် အဆိုတော် နိုင်းဝမ်း၊ အဆိုတော် မင်းမြတ်စိုးစံ တို့နဲ့ အတူ Single ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားပါတယ်။သူ့ကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က