စက်တင်ဘာလ ၁၄ ရက်နေ့ညမှာ ကျင်းပနေတာဖြစ်ပါတယ်။
Sabal Thwin

Shwe FM ရဲ့ ၁၀ နှစ်ပြည့် ဂီတ ဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့ညက ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာတော့ အနုပညာရှင်များအတွက် ဆု စုစုပေါင်း ၇ ဆု ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။

New Corner Artist Award ဆုရရှိသွားတဲ့ - အုပ်စိုးခန့် ကတော့ ‘’ချစ်နေပြီ’’ ဆိုတဲ့ တေးသီချင်းနဲ့ဆုရရှိခဲ့တာပါ။


Shwe FM Facebook Page သီချင်းအတောင်းခံရဆုံး အမျိုးသမီး တေးသံရှင်ဆုကိုတော့ အဆိုတော် ချယ်ရီသင်း ကခွင့်လွှတ်ပေးဖို့တောင်းပန်ချင် သီချင်းနဲ့ ဆုရရှိခဲ့တာပါ။


Shwe FM Facebook Page သီချင်းအ တောင်းခံရဆုံး ဆုကိုတော့ အဆိုတော် ကောင်းကောင်းက ပျော်နေပါ သီချင်းနဲ့ ဆုရရှိသွားတာဖြစ်ပါတယ်။

Popular Online Single Song Award 2019 ဆုကိုတော့ အဆိုတော် ကော်နီ က ‘’ဆေး’’ သီချင်းနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။

တစ်နှစ်တာအတွင်း ရွှေလေ လှိုင်းမှတစ်ဆင့် ပရိသတ် တောင်းဆိုမှု့အများဆုံးဆုကိုတော့ အမျိုးသမီး တေးသံရှင်ဆုကို အိုင်ရင်းဇင်မာမြင့် က ‘’မာ’’တေးစီးရီးထဲက ‘’ရင်ဘတ်ထဲကလူနှစ်ယောက်’’ ဆိုတဲ့ သီချင်းလေးနဲ့ ဆုရရှိခဲ့တာပါ။

တစ်နှစ်တာအတွင်း ရွှေလေ လှိုင်းမှတစ်ဆင့် ပရိသတ် တောင်းဆိုမှု့အများဆုံး အမျိုးသားတေးသံရှင် ဆု ကိုတော့ အဆိုတော် ဖြိုးမြတ်အောင် ‘’သင့်အတွက် မနက်ဖြန်’’ဆိုတဲ့ သီချင်းနဲ့ ဆုရရှိခဲ့ပါတယ်။

၂၀၁၉ တစ်နှစ်တာလုံး သီချင်းအတောင်းခံရဆုံးဆု ကိုတော့ မနောက ရရှိခဲ့တာဖြစ်ပါတယ်။


Shwe FM ၁၀နှစ်ပြည့် ဂီတဆုပေးပွဲကြီးကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့က ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကို အနုပညာရှင်များစွာတို့ကလည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါတယ်။ ဘယ်အနုပညာရှင်တွေက ဘယ်လို ဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်ကြည့်ရှုနေရတဲ့ ပွဲ တစ်ပွဲ ဆိုရင်လည်း မမှားပါဘူး။


က္က