ငွေကျပ် (၁၀)သိန်းတိတိပါ ထပ်လှူခဲ့သေးတာတဲ့။
Ei Ei Myat

လူငယ်အဆိုတော် အုပ်စိုးခန့်ကတော့ Shwe FM ပွဲမှာ ရရှိခဲ့တဲ့ ရွှေရင်ထိုးကို သစ်တံခါး ဆရာတော်ကျောင်းမှာ ပြန်လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။

Photo : အုပျစိုးခန့ျ

ရွှေရင်ထိုးအပြင် သူရရှိထားတဲ့ အနုပညာကြေးထဲက ငွေကျပ်(၁၀)သိန်းတိတိကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။

“ဒီနေ့အလှူလေး...Shwe FM ကရတဲ့ ရွှေရင်ထိုးလေး။ချွေးနဲစာလေးထဲက (၁၀)သိန်းကျပ်။

သစ်သီး။တို့ကို ဘုန်းဘုန်းကျောင်းကို သွားရောက် ကန်တော့ခဲ့ပါတယ်ဗျာ” ဆိုပြီး အောက်တိုဘာ(၂) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : အုပျစိုးခန့ျ

သူ့ရဲ့ အလှူအတွက် ပရိသတ်တွေကလည်း ဝမ်းသာပီတိ ဖြစ်လို့နေပါတယ်။အုပ်စိုးခန့်ဟာ Shwe FM က ချီးမြှင့်တဲ့ မျက်နှာသစ်အနုပညာရှင်ဆုကို “ချစ်နေပြီ” ဆိုတဲ့ သီချင်းနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။အုပ်စိုးခန့်ကတော့ ၁၀ကျော်သက် လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်တွေ ဝန်းရံမှု အများဆုံးပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂီတ နဲ့ ပတ်သက်ပြီး ရူးသွပ်လွန်းသူဖြစ်တာကြောင့် ''ချစ်နေပြီ'' ဆိုတဲ့ တစ်ကိုယ်တော် အခွေလည်း ထွက်ရှိခဲ့ပြီးသားဖြစ်ပါတယ်။

Photo : အုပျစိုးခန့ျ

Shwe FM က ဆုချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် အောင်မြင်တဲ့ လူငယ်မျက်နှာသစ် အနုပညာရှင် ဆုကတော့ သူ့အတွက် ဂီတနဲ့ ပတ်သက်ပြီး ပထမဆုံး ရရှိတဲ့ ဆုလည်းဖြစ်ပါတယ်။ဒါ့အပြင် အုပ်စိုးခန့်ကို သရုပ်ဆောင် တစ်ယောက်အဖြစ် တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။အဲဒီဇာတ်ကားမှာ မိုရီဆာကီဝင်း၊ နေခြည်ဦး တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကားနာမည်က”အိမ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။

Photo : အုပျစိုးခန့ျ

ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

 




က္က