ပရိသတ်တွေကို ဖြစ်ကြောင်းကုန်စင်ပြောပြလာပါတယ်။

စိုးပြည့်သဇင်က သူမနာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်အသစ်တွေ ဖွင့်ပြီး သူမကိုရော၊ ပရိသတ်တွေကိုပါ အနှောင့်အယှက်ပေးနေသူအကြောင်း ပြောပြခဲ့ပါတယ်။ 

Photo: Soe Pyae Thazin



သရုပ်ဆောင် စိုးပြည့်သဇင်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ တဆင့် သူမကို တိုက်ခိုက်လာသူကြောင့် စိတ်အနှောင့်အယှက်ဖြစ်လို့နေပါတယ်။ ဒါကြောင့် သူမတင်သမျှ Post တိုင်းကို Comment ရေးသားလို့မရအောင် ပိတ်လိုက်ရပြီလို့ ဆိုပါတယ်။

" စိုးပြည့်ကိုချစ်ခင်တဲ့သူငယ်ချင်းမိတ်ဆွေများ၊ fan များ၊ follower များအားလုံးကို အသိပေးချင်တာလေးရှိပါတယ်ရှင့်။ စိုးပြည့်ရဲ့အကောင့်ကို comment ပိတ်ရပါတော့မယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့ ၆လ၊ ၇ လလောက်ကစပြီး စိုးပြည့်ရဲ့ယခု account မှာရော၊ pageမှာပါ အကောင့်မျိုးစုံဖွင့်ပြီး အမေ၊ ညီမ၊ မိန်းကလေးများမကြားအပ်တဲ့၊ မမြင်အပ်တဲ့စကားလုံးများနဲ့ Commentရေးပြီး နှောက်ယှက်ခဲ့ပါတယ်ရှင့်။ အဲ့ဒီထဲကမှ အင်မတန်အယဉ်ကျေးဆုံး commentများသာပြထားပါတယ်။ ဒီထက်ဆိုးလွန်းတာတွေကြီးပါဘဲ" ဆိုပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း Comment ပေးထားတာတွေကို Screenshot ရိုက်ပြီး ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ရဲ့ နာမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖွင့်ပြီး ဖုန်းဘေလ် လှမ်းချေးတာတွေလည်း လုပ်နေတယ်လို့ စိုးပြည့်က ပြောပြလာပါတယ်။ အခုလို နှောင့်ယှက်မှုတွေအပေါ် မိန်းကလေးတစ်ယောက်အနေနဲ့ အရှက်ရတယ်လို့လည်း စိုးပြည့်သဇင်က ဆိုပါတယ်။ 

"စိုးပြည့် နာမည်နဲ့ဘေလ်လိမ်ရာကနေ fans တွေကစိုးပြည့်မဟုတ်မှန်းသိသွားပြီး fans များနဲ့ ကတောက်ကဆဖြစ်ကြတယ်။အဲ့ဒီချိန်ကစလို့ account မှာရော၊ pageမှာပါနှောက်ယှက်ခဲ့ပါတယ်။ ဘဝမှာတခါမှတော့မကြုံခဲ့ဖူးပါဘူး။ ဝေဖန်တယ်ဆိုတာအနုပညာရှင်တိုင်းကြုံတွေ့ရသလို လက်ခံရပါတယ်။ ဒါပေမဲ့လည်းဒီလိုတော့မကြုံဖူးဘူးပေါ့နော်။ ဒီပိုစ့်ကိုလည်းစိုးပြည့်မတင်ချင်ပါ ဒါပေမဲ့သူအကောင့်အသစ်တွေဖွင့်ပြီး ရိုင်းပြစွာ ကောမန့် တိုင်း စိုးပြည့်အကောင့်ထဲက မိတ်ဆွေများကိုအင်မတန်အားနာမိပါတယ်။ မဖတ်ဝံ့တဲ့စကားလုံးတွေကြောင့် မိန်းကလေးတစ်ဦးအနေနဲ့ရှက်ရွံ့ပါတယ်။ စိတ်မကောင်းလည်းဖြစ်မိပါတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Soe Pyae Thazin

စိတ်အနှောင့်အယှက်ပေးသူကို ဖေ့စ်ဘွတ်ကနေ ဘလော့ပေမယ့် အကောင့်အသစ်တွေ ထပ်ဖွင့်ပြီး နှောင့်ယှက်နေပြန်သေးတယ်လို့ စိုးပြည့်သဇင်က ပြောပါတယ်။ ဒါကြောင့် Comment ပိတ်ခဲ့တဲ့အပေါ်မှာလည်း သူမက တောင်းပန်စကားဆိုခဲ့ပါတယ်။ 

"စိုးပြည့် မတုန့်ပြန်ခဲ့ဘဲအေးဆေးစွာနေခဲ့ပါတယ်။ အမြင်မတော်တဲ့ commentတွေကိုဘဲ ဖျက်ခဲ့လိုက်ပါတယ်။ ကိုယ့်ကိုချစ်ခင်လို့ comment ပေးသူများအတွက် comment box ကိုလည်းမပိတ်ခဲ့ပါဘူး။ ရိုင်းပျတာတွေဝင်ရေးမှာစိုးလို့ block လည်းနောက်တစ်ကောင့်နဲ့ ထပ်ပြီးနှောင့်ယှက်ပါတယ်။ ခုပိုဆိုးတာကစိုးပြည့်ပရိုဖိုင်ပုံ၊ စိုးပြည့်နာမည်တစ်ပုံစံထဲပြုလုပ်ပြီး ပရိသတ်တွေရဲ့ကွန်မန့်အောက်မှာရိုင်းပျတာတွေ ရေးသားတဲ့အတွက် တချို့မသိသောပရိသတ်များကစိုးပြည့်က reply ကို ရိုင်းစိုင်းစွာပြန်တယ်လို့စိတ်မကောင်းဖြစ်ကြမှာစိုးလို့ စိုးပြည့်comment ပိတ်လိုက်ပါပြီရှင်။ ချစ်တဲ့သူများ၊ follower များကိုအလေးထားချစ်ခင်လို့ဒီစာကိုရေးသားခြင်းဖြစ်ပါတယ်ရှင်။ အားလုံးကိုတောင်းပန်ပါတယ်ရှင်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။ စိုးပြည့်ကိုနားလည်ပေးကြပါနော်။ကံ..ကံ၏အကျိုးကိုစိုးပြည့်အင်မတန်ယုံကြည်သက်ဝင်ပါတယ်" ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က