လောကဓံကို တစ်ယောက်တည်း ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။

 စိတ်ဓာတ်အားငယ်တတ်တဲ့ ပရိသတ်တွေအတွက် ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်တွေကို အခုလို ဝေမျှ ပြောပြလာပါတယ်.

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်



သရုပ်ဆောင် ခိုင်နှင်းဝေက သူ ချစ်ရတဲ့ ပရိသတ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင် ကို အခုလို ပြောပြလာပါတယ်။

''ရောက်လာတဲ့ လောကဓံတိုင်း ကို တစ်ယောက်ထည်း ရင်ဆိုင် ရပ်တည်နိုင်အောင်ကြိုးစားပါ။ တစ်ပါးသူအပေါ် မှာ မှီခို ရပ်တည် လိုစိတ်တွေ အတက်နိုင်ဆုံး ဖျောက်ပါ။ ဖြစ်ပေါ်လာတဲ့ ပြသနာတိုင်းကို ရှောင်ပြေးနေမယ့်အစား ထိပ်တိုက်ရင်ဆိုင် ကျော်လွှား နိုင်အောင်ကြိုးစားပါ။ လဲကျသွားတဲ့ အကြိမ်တိုင်းမှာ ပြန်လည်ရပ်တည်နိုင်အောင် ဖန်တီး တည်ဆောက်ပါ''လို့ ဆိုပါတယ်။

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေသာမက စိတ်ဓာတ်အားငယ်တဲ့ ပရိသတ်တိုင်းကိုလည်း အင်အားဖြစ်စေမယ့် စကားတွေကို အမြဲတမ်း အလိုလို မျှဝေတတ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

''တစ်ခါလဲကျတိုင်း ငါ့ဘဝပျက်ပါပြီလို့ တွေးနေသမျှ မိတ်ဆွေအနေနဲ့ အောင်မြင်မှုနဲ့ဝေးနေဦးမှာပါ။ အတိုက်အခိုက် အခက်အခဲ များများ လာလေ မိတ်ဆွေတို့ စိတ်တွေ သန်မာလာလေဖြစ်လို့ ဒဏ်ရာပေးသူတိုင်းကို စိတ်ထဲက လေးလေးနက်နက် ကျေးဇူးတင်လိုက်ပါ '' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်.

Photo: ခိုင်နှင်းဝေ

စိတ်အားငယ်တတ်သူတိုင်းကိုလည်း အားငယ်တတ်တဲ့ စိတ်တွေ ဖျောက်ပြီး စိတ်ဓာတ်ခိုင်မာ လာစေဖို့ ဆန္ဒ ရှိတယ်လို့လည်း ဆက်လက် ပြောပြထားပါတယ်။

''မိတ်ဆွေတို့မှာ ရှိနေတဲ့ အားငယ်စိတ်တွေဖျောက်ပြီး ဘာအခက်အခဲ လာလာ ငါရင်ဆိုင်ကျော်လွှားနိုင်တဲ့ ဆိုတဲ့ စိတ်ဓာတ် ခွန်အားနဲ့ နေ့စဉ်ရှင်သန်ရပ်တည်ပါ။ တကောင်တည်းပဲ ဒါပေမယ့် အရာရာထက်အင်အားကြီးမားတဲ့ ခင်္သြေ့ တကောင်ပဲ ဖြစ်နေပါစေ။ ချစ်တဲ့ ခိုင်နှင်းဝေ'' လို့ သူကဆိုပါတယ်။

 

Photo: ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေး ဖြစ်နေ တယ် လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က