မေလ ၂၅ရက်နေ့က ပြုလုပ်ခဲ့တာပါ။
Sabal Thwin

Miss Universe Myanmar 2019 ရဲ့ National Costume winner ဆုကိုတော့ မုံရွာအလှမယ် က ရရှိခဲ့ပါတယ်။ People Choice National Costume Award ဆုကိုတော့ တောင်ကြီးအလှမယ်က ရရှိခဲ့ပါတယ်။

၇ ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Miss Universe Myanmar 2019 ရဲ့ National Costume ပြိုင်ပွဲကြီးကို မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီက Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ အလှမယ်ပေါင်း   ယောက်တို့က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာမှ အလှပဆုံး၊ အခမ်းနားဆုံးနဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ ကိုက်ညီတဲ့ ဝတ်စုံကို The Best National Costume Award နဲ့ ပရိသတ်အကြိုက်ဆုံး ဝတ်စုံကိုတော့ People Choice Award ဆုအဖြစ် ချီးမြှင့်ခဲ့ပါတယ်။

People Choice National Costume Award ဆုကိုတော့ တောင်ကြီးကိုယ်စားပြုအလှမယ် သက်တန့်ရွှေရည်နန်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ National Costume Top 5 ကိုတော့ မူဆယ်ကိုယ်စားပြုအလှမယ် မေရီ ထောင်းထောင်း ၊ ဖားအံ ကိုယ်စားပြုအလှမယ် ဆွေဇင်ထက် ၊ တာချီလိတ် ကိုယ်စားပြုအလှမယ် ဆုလက်နွယ်၊ မုံရွာကိုယ်စားပြု အလှမယ် မီမီဇင်  ၊ ပုသိမ်ကိုယ်စားပြုအလှမယ် ဆုဆုစန္ဒီ တို့က ဆုရရှိခဲ့ကြတာဖြစ်ပါတယ်။ Best National Costume ဆုကိုတော့ မုံရွာကိုယ်စားပြုအလှမယ်က ရရှိပိုင်ဆိုင်သွားပါတယ်။

ရွေးချယ်ခံရတဲ့ National Costume Top 5 တွေကတော့ Miss Universe Myanmar Originazation က စေလွှတ်တဲ့ အလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ 2016 ခုနှစ် Miss Universe National Costume Award the best prize ဆုကိုတော့ ‘’မြန်မာ့ရုပ်သေးအက’’ နဲ့ အလှမယ် ထက်ထက်ထွန်းက ရရှိခဲ့ပါတယ်။

Miss Universe Myanmar 2018 ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးပြိုင်ပွဲကိုတော့ မေလ ၃၁ ရက်နေ့ ညနေ ၆ နာရီ Novotel Hotel Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ Miss Universe Myanmar 2019 က ဘယ်သူဖြစ်လာမယ် ဆိုတာကိုလည်း ပရိသတ်တွေက စိတ်လှုပ်ရှားရင်း စောင့်မျှော်နေကြတပါတယ်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Universe Myanmar 2013 ကိုတော့ အလှမယ် မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် Miss Universe Myanmar 2014 ကိုတော့ အလှမယ် သျှားထွဋ်အိန္ဒြာက ရရှိခဲ့တာပါ။ တတိယအကြိမ်မြောက် Miss Universe Myanmar 2015 ကိုတော့ အလှမယ် မေဘရဏီသော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

စတုတ္ထအကြိမ်မြောက် Miss Universe Myanmar 2016 ကိုတော့ အလှမယ် ထက်ထက်ထွန်းက ရရှိခဲ့တာပါ။ ပဉ္စမအကြိမ် Miss Universe Myanmar 2017 ကိုတော့ အလှမယ် ဇွန်သံစဉ်က ရရှိခဲ့ပါတယ်။ ဆဌမအကြိမ် Miss Universe Myanmar 2018 ဆုကိုတော့ အလှမယ် နှင်းသွေးယုအောင်က ရရှိပိုင်ဆိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


က္က