Now & Ever ဇာတ်ကားမှာ သူပါဝင်ရတဲ့နောက်ဆုံးအခန်းကို ရိုက်ကူးပြီးခဲ့ပါပြီ။

ခင်သဇင်က သူမကိုယ်တိုင် အနုပညာနဲ့ ပတ်သက်ပြီး လေ့လာဆည်းပူးခွင့်ရခဲ့တဲ့ Now & Ever ရုပ်ရှင်အဖွဲ့သားတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အမှတ်တရတွေကို ပြောလာပါတယ်။

Photo: Knin Thazin

သရုပ်ဆောင်ခင်သဇင်က သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Now & Ever ရုပ်ရှင်ကားကြီးရိုက်ကွင်းပေါ်က အတွေ့အကြုံတွေကိုပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီမှုတွေကလည်း အရမ်းကောင်းတယ်လို့ ဆိုပါတယ်။

‘’ Now & Ever ရိုက်ကူးရေးမှာ လူမှုရေးတွေသိပ်မရှိဘူး၊ စီးပွားရေးလည်း မဆန်ဘူး၊ အိမ်ထောင်ရေးလည်း ထည့်တွက် မထားဘူး၊ အလုပ် (အနုပညာ) ပဲရှိတယ်။ အစပိုင်း အေးစက်စက်ပေမယ့် နောက်ပိုင်း Goal တူသူချင်းမို့ နေလို့ကောင်းလာတယ်။ အသစ်အသစ်တွေကို တပ်မက်လွန်းတဲ့ ကိုယ်ကလည်း အိုက်တင် အသစ် အသစ်တွေနဲ့ တစ် scene ပြီး တစ် scene လုပ်နေရတာ အရသာ တွေ့နေတယ်။ ကိုယ်မှားနေရင် ဒါရိုက်တာက တည့်ပေးလိုက်၊ Actor အချင်းချင်း ဆွဲခေါ်သွားလိုက်နဲ့သရုပ်ဆောင်တာချင်း အတူတူ feeling က ပို ကောင်းနေတယ်လို့ ဆိုရမလား’’ လို့ သူကပြောပါတယ်။

Photo: Knin Thazin

အဲဒီနောက် သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကြိုးစားနေဆဲဖြစ်တဲ့သူမဟာ ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီး ရိုက်ကူးနေရင်းမှာပဲ လေ့လာခွင့်ရခဲ့တဲ့ ပညာတွေက အများကြီးပါလို့ ခင်သဇင်က ဧပြီလ ၅ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’ဆရာ မပြ နည်းလမ်း မကျ တဲ့ ကိုယ်လိုချင်တာကို တည့်မတ်ပေးတဲ့ ဆရာ သမားကောင်းလည်း တကယ်လိုအပ်ပါတယ်။ အပျော်မိဆုံးကတော့ Now & Ever ကနေ အများကြီး ရလိုက်တယ်။ ငွေရှိတိုင်း မဖြစ်တဲ့ အရာတွေကြည့်ပါပဲ။ သရုပ်ဆောင်ပညာက လေ့လာရင်း နက်နဲ သထက် နက်နဲလာတယ်။ ပြည့်သွားတယ်ဆိုတာ ဘယ်တော့မှ မရှိသလို တက်သွားပြီလို့လည်း ဘယ်တော့မှ ယူဆလို့ မရတာ သရုပ်ဆောင်တဲ့ အနုပညာပါပဲ။ အမြဲသင်ယူချင်နေတဲ့ ကိုယ် အသစ်တွေကြိုက်တဲ့ကိုယ် စိန်ခေါ်မှုတွေကိုကြို က်တက်တဲ့ ကိုယ် Now & Ever မိသားစု (တစ်ဦး တစ်ယောက်ချင်းဆီတိုင်း) ဒီနေရာကနေ ကို အထပ်ထပ်ကျေးဇူးတင်ပါတယ်။ ပြောပြချင်တာတွေ ကတော့ ဒီထပ်များပေမယ့် စာရှည်သွားပြီ မို့ ရပ်လိုက်ပါတော့မယ်နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ လို့ ဆိုပါတယ်။






Photo: Knin Thazin

အခုဆိုရင်တော့ Now & Ever ရုပ်ရှင်ကားကြီး ရိုက်ကူးရေးမှာ ခင်သဇင်ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းနောက်ဆုံး အပိုင်းကိုတော့ ဧပြီလ ၄ ရက်နေ့မှာ ရိုက်ကူးဖြစ်ခဲ့ပါတယ်တဲ့။ လများစွာ အတူတူရိုက်ကူးခဲ့ကြတာကြောင့် ခွဲရတော့မယ့် အချိန်မှာ ဝမ်းနည်းမိတယ်လို့ဆိုပါတယ်။

‘’Now & ever ရုပ်ရှင် မနေ့ညက ကိုယ့် scene လေးတွေ နောက်ဆုံးရက်။ ၅ လ ကျော်လောက် အတူရိုက်ကူးခဲ့ပြီး မနေ့ည က ခွဲရတော့မယ်ဆိုတော့လုံးဝ စိတ်မကောင်းခဲ့ဘူး။ ရုပ်တည်ကြီးနဲ့ ကိုယ်ဟာ ထိရှ လွယ်လွန်းသူပါလား။ အနုပညာကို ရူးသွပ်ကြသူချင်း အလုပ်အပေါ် သစ္စာရှိကြသူချင်း ဆုံစည်းကြတဲ့အခါ ခံစားမှုတွေက အလိုလိုနေရင်း အရသာရှိလို့ ထိရှခဲ့တာလည်း အဆန်းမဟုတ်ပါဘူး’’လို့ သူကဆိုပါတယ်။

Photo: Knin Thazin

Now & Ever ရုပ်ရှင်ကားကြီးကို ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ ပိုင်ဖြိုးသု၊ မြင်စိုင်းသားအောင်အောင်၊ ခင်သဇင်၊ ဂျူးဂျူးကေ နဲ့ နောက်ထပ်အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 



က္က