မင်းသမီး ပိုးထည်ဆိုင်အတွက် အလှူအတန်းလေးဖြစ်ပါတယ်။

စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ဟာ မင်းသမီးပိုးထည်ဆိုင်မိသားစုအနေနဲ့ ပထမဆုံးအလှူအဖြစ် မန္တလေး တံတားဦးက စကားအင်းဆရာတော် ဆီမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။ ပိုးထည်ဆိုင်ကိုတော့ အောက်တိုဘာလ ထဲမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။



Photo: မင်းသမီးပိုးထည်တိုက် Page

 

ပရိသတ်အချစ်တော် ညီအစ်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီး အောက်တိုဘာလ ထဲမှာ မင်းသမီး လို့ အမည်ပေးထားတဲ့ ပိုးထည်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီ အတွက် မန္တလေး တံတားဦးက စကားအင်းဆရာတော် ဆီမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

'' မန္တလေး တံတားဦး က စကားအင်းဆရာတော်ဘုရား အား " မင်းသမီး ပိုးထည်တိုက် မိသားစု" မှ ဝါဆိုသင်္ကန်း နှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်ရှင်'' ဆိုပြီးတော့ မင်းသမီး ပိုးထည် တိုက်ရဲ့ တရားဝင် Facebook Page မှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းက အမှတ်တရ ဓာတ်ပုံတွေနဲ့ အတူ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: မင်းသမီးပိုးထည်တိုက် Page

 

မင်းသမီး ပိုးထည်ဆိုင် ဖွင့်ဖို့ အတွက် ပြင်ဆင်နေပြီဆိုတာကို သြဂုတ်လ ၂၄ ရက်နေ့က အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်ကနေ ကြေညာ ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြတယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

'' ဒီရက်ပိုင်း ညီအမလေးယောက်အောက်တိုဘာမှာဖွင့်မယ့် ပိုးထည်တိုက်အတွက် တော်တော်အလုပ်ရူပ်နေကြတယ် ဆယ်လပိုင်းမှာတော့ အားလုံး အတွက်အဆင်အဆန်းအမြင်အဆန်းတွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ် ပင်ပန်းပေမဲ့ပျော်တယ်လို့ဖီလင် စိုး အိတ်စိုက်တက်ပဲ'' ဆိုပြီးတော့ ပြောပြခဲ့ဖူးပါတယ်။

Photo: မင်းသမီးပိုးထည်တိုက် Page

ပိုးထည်ဆိုင်အတွက် မကြီးစိုးက နာမည်ရွေးပေးမှာလို့ ဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ 

မင်းသမီး ပိုးထည်ဆိုင်အတွက် နာမည်ကိုတော့ အကယ်ဒမီ စိုးမြတ်သူဇာက နာမည်ပေးခဲ့တာလို့ သိရပါတယ်။ သရုပ်ဆောင်လောကမှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီ အစ်မ ၄ ယောက်ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ ဖူးပါ တယ်။

Photo: မင်းသမီးပိုးထည်တိုက် Page

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် စိုးပြည့်သဇင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ပြီး ဂီတဘက် မှာလည်း အောင်မြင်မှုရရှိထားပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

Share

Loading Next Article...
က္က