ကိုယ်တွေရင်ထဲတောင် ခံစားသွားရတယ်။

စိုင်းစိုင်းက သူ့ရဲ့ ရှိုးပွဲကို လာကြည့်တဲ့ ပရိသတ်တွေရဲ့ ဓာတ်ပုံတွေထဲမှ သူ့ရင်ထဲကို ထိရှသွားတဲ့ ဓာတ်ပုံလေးတစ်ပုံကို ဖေ့စ်ဘွတ်မှာ ပြန်တင်ထားတာတွေ့ရပါတယ်။

 

Photo ; စိုင်းစိုင်း FB



စိုင်းစိုင်းရဲ့ ရင်ထဲကို ထိရှသွားတဲ့ ပုံလေးတစ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ရှဲထားတာ တွေ့ရပါတယ်။ အဲဒီပုံလေးက စိုင်းစိုင်းရဲ့ ရှိုးပွဲကို လာကြည့်တဲ့ ဇနီးမောင်နှံ စုံတွဲတစ်တွဲဝတ်လာတဲ့ ဝတ်စုံလေးကို ကြည့်ပြီး စိုင်းစိုင်းတစ်ယောက် အရမ်းကို ကြည်နူးသွားခဲ့ရတာပါ။

ဘယ်လောက် ချစ်စရာကောင်းတဲ့ဓာတ်ပုံလဲ ကျွန်တော့်ပရိသတ်တွေဟာ သူတို့ရဲ့ မိသားစုတွေကို ကျွန်တော့်ကို နားလည်အောင်လက်ခံအောင် (အနည်းဆုံး သည်းခံအောင်) ကြိုးစားထားကြတယ်။ တချိန်ကျရင် ကျွန်တော်လည်း ကျွန်တော့်ရဲ့မိသားစုတွေကို ကျွန်တော့်ပရိသတ်တွေအကြောင်း နားလည်အောင် သဘောပေါက်အောင် ကြိုးစားနိုင်ရမယ် “ ဆိုပြီး စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : Thein Than Oo

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီ Show ပွဲကတော့ ၁၅ ကြိမ်မြောက် Birthday Show ဖြစ်ပါတယ်။ပရိသတ်ပေါင်းများစွာတို့ကလည်း လာရောက်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ စိုင်းစိုင်းကို အားပေးကြတဲ့ ပရိသတ်လူဦးရေကတော့ အံ့သြစရာကောင်းလောက်အောင် အားပေးလွန်းခဲ့ကြပါတယ်။ သုဝဏ္ဏဘူမိ Event Park အတွင်းမှာ နေရာလပ်မရှိအောင်ကို ကြိတ်ကြိတ်တိုးခဲ့ကြတာပါ။

Photo : Thein Than Oo

စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : Thein Than Oo

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က