အခုမှ ဇာတ်ကားအတူတူပြန်ရိုက်ဖြစ်တယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ မျိုးသန္တာထွန်းနဲ့အတူ ဇာတ်ကားတွဲမရိုက်ဖြစ်ခဲ့တာ ၁၈ နှစ်ကြာပြီလို့ ဆိုပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်အတူတူပြန်ရိုက်ဖြစ်တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ကတော့ သရုပ်ဆောင် မျိုးသန္တာထွန်းနဲ့ ဇာတ်ကားအတူတွဲမရိုက်ရတာ နှစ်နဲ့ချီ ကြာနေပြီဖြစ်တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ အဲဒီဇာတ်ကားကလည်း ရိုက်ကူးပြီး ၁၀ နှစ်ကြာမှ ပြသခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

" ၁၈ နှစ်ကြာကွဲနေတဲ့မောင်နှမနှစ်ယောက်။ ကျွန်တော် ပထမဆုံး video စရိုက်ဖူးတာ ဦးကျော်ဟိန်းနဲ့ နိုင်းနိုင်နဲ့ ကျွန်တော်နဲ့ မမျိုးနဲ့က မောင်နှမ ။ စနိုးဝှိုက်ကရိုက်တဲ့ကား ဂျပန်ခေတ်နောက်ခံနဲ့ ပြသခွင့်မရခဲ့ဘူး အကြာကြီးပဲ။ နောက်မှ ပြန်ပြီးခွင့်ပြုချက်ရ ၁၀ နှစ်လောက်ကြာမှထွက်တယ်’’ ဆိုပြီးတော့ အစပျိုးရင်း ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Sai Sai

အခုလက်ရှိမှာလည်း စိုင်းစိုင်းခမ်းလှိုင်ဟာ မျိုးသန္တာထွန်းနဲ့အတူ ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ ဆိုတဲ့ရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

‘’အဲဒီတုန်းက ပုပ္ပါးမှာအိပ်ပြီးရိုက်တာ အခုတော့ ချောက်မှာပေါ့။ အခုလည်း ဂျပန်ခေတ်နောက်ခံ ၁၉၄၅ ခုနှစ်၊ ဒါရိုက်တာဩရသ၊ ကိုနေတိုးရယ်၊ ထွန်းထွန်းရယ်၊ အေးမြတ်သူရယ် ၊ မိုးစက်ဝိုင်ရယ် ၊ နွယ်ဒါလီထွန်းရယ်၊ ထိုင်းမင်းသား Ken ရယ် ၊ ‘ကောင်းကင်မရှိတဲ့ကြယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့ နေ့လယ် ၁၁ နာရီ ၄၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

‘’ကောင်းကင်မရှိတဲ့ ကြယ်’’ ရုပ်ရှင်ဇာတ်ကားကိုတော့ Media 7 ကနေ ထုတ်လုပ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ မြန်မာ၊ ထိုင်း၊ အမေရိကန် နဲ့ ဂျပန် စသည့် နိုင်ငံ အသီးသီးက အနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊ ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်ကြတဲ့ Ken Phuphoom Pongpanu ၊ Korn Kang တို့အပြင် အေးမြတ်သူ၊ မိုးစက်ဝိုင်၊နွယ်ဒါလီထွန်း နဲ့ ထိုင်းမင်းသမီးချောလေး Smile Parada တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာကတော့ အကယ်ဒမီသြရသက ရိုက်ကူးပုံဖော်သွားမှာပါ။

Photo: Sai Sai

စိုင်းစိုင်းဟာ အသက် ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က