သူ့အတွက်ကတော့ အရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်တဲ့။

ထွန်းထွန်းဟာ စင်ကာပူနိုင်ငံရဲ့ နာမည်ကျော် စားသောက်ဆိုင် တစ်ခုဖြစ်တဲ့ Timbre မှာ အမှတ်မထင် သီချင်းတွေ သီဆိုဖျော်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ မန်ယူအသင်းကို အားပေးဖို့ စင်ကာပူနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: Tun Tun



ထွန်းထွန်းဟာ စင်ကာပူနိုင်ငံကိုရောက်တဲ့ ညမှာပဲ သူငယ်ချင်းတွေနဲ့ အတူတူ နာမည်ကျော်စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ Timbre မှာ ထိုင်နေရင်းက အမှတ်မထင် သီချင်းတွေ သီဆိုဖျော်ဖြေပေးခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

‘’KKTT က Singapore Nightlife ကို ရေလည်သဘောကျ။ ဒီတစ်ခါ Nightlife ကတော့ ထူးခြားခဲ့တယ်။ ဒီနေ့ညလည်း မနက်ဖြန်ကွင်းထဲမှာ မအော်ခင် Timbre မှာ အေးဆေး Chill မလို့ပဲ။ Timbre Bar တွေကတော့ သီချင်းကြိုက်တဲ့သူတွေရဲ့ Paradise နိဗ္ဗာန်မလား။ ဆိုကြမယ်၊ ကကြမယ်။ သောက်ရင်းစားရင်းနားထောင်မယ်လို့တွေးပြီးသွားတာပဲ။ သူငယ်ချင်းတစ်ယောက်က Timbre က လူတွေကို ကိုယ့်အကြောင်းသွားပြောပြလိုက်တော့ သူတို့ရဲ့ နာမည်ကြီး live band 53A နဲ့အတူတူ သီချင်းဆိုဖို့ request လုပ်လာတာကြောင့် ဝါသနာ မသေးတဲ့ Amazing KoKoTunTun ဟာ Timbre မှာ သီချင်းတွေဆိုရင်း amazing night life ကို ဖြတ်သန်းဖြစ်ခဲ့ပါတယ်ဗျာ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားရင်း အမှတ်တရ ဗီဒီယိုဖိုင်လည်း တင်ခဲ့တာကိုတွေ့ရပါတယ်။

Photo: Tun Tun

ပရိသတ်အချစ်တော် ကိုကိုထွန်းထွန်းတစ်ယောက် စင်ကာပူနိုင်ငံမှာပြုလုပ်တဲ့ International Champion Cup 2019 ပွဲကို ကိုယ်တိုင်အားပေးဖို့အတွက် ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ထွန်းထွန်းက မန်ယူအသင်းကို တက်တက်ကြွကြွ အားပေးမယ်လို့ ဆိုပါတယ်။

အသင်းကြီးတွေရာသီကြို ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားကြတဲ့ ICC ဖလားပြိုင်ပွဲကတော့ ဒီနှစ်မှာ စင်ကာပူနိုင်ငံမှာ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ အင်တာမီလန်အသင်း၊ ဂျူဗင်တပ်နဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေကို စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ICC 2019 ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်လာပြီး တရုတ်၊ အင်္ဂလန်၊ ဆွီဒင်၊ ဝေးလ်၊ စင်ကာပူနဲ့အမေရိကန်နိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ အင်တာမီလန်ပွဲကတော့ ဇူလိုင်လ၂၀ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

Photo: Tun Tun

ထွန်းထွန်းက လက်ရှိမှာ “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါတယ်။ ထွန်းထွန်းဟာ အနုပညာလောကထဲကို Examplez အဆိုတော်အဖွဲ့ဝင် ထွန်းထွန်း အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားရင်း အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထွန်းထွန်းဟာ ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က