မြင့်မြတ်နဲ့ ထူးအယ်လင်းတို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။
Ei Ei Myat

တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားတစ်ကား မကြာခင် ပြသခွင့်ရတော့မှာ ဖြစ်လို့ ယုန်လေးတစ်ယောက်တော် တော့်ကို ပျော်နေပါတယ်။မြင့်မြတ်၊ ယုန်လေး ၊ ထူးအယ်လင်းနဲ့ နိုင်ဝမ်းတို့ ပါဝင်ရိုက်ကူးထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကား ကြီးဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

39910944_245103183011401_6459665757037920256_n.jpg 

အက်ရှင်ဇာတ်ကားကောင်းကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။ မြင့်မြတ်၊ ယုန်လေး ၊ ထူးအယ်လင်းနဲ့ နိုင်ဝမ်းတို့ ပါဝင်ရိုက်ကူးထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Danger Zone လို့ နာမည်ပေးခဲ့ပေမယ့်လည်း ဆင်ဆာလူကြီးများက Special 9 လို့ နာမည်ပြောင်းပေးခဲ့တဲ့ ယင်းဇာတ်ကားဟာ စက်တင်ဘာ(၇) ၇က်နေ့မှာ ရုံတင်တော့မှာပါ။

39834857_243205229867863_5710200281782812672_n.jpg 

ယုန်လေးကိုယ်တိုင် ဇာတ်လမ်းရေးသားထားပြီး ကိုယ်တိုင် ဒါရိုက်တာ လုပ်ထားတဲ့ Sepecial 9 ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ခွင့်ရရှိတဲ့အတွက် သူအနေနဲ့အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

"ရုပ်ရှင်ဇာတ်လမ်း ဆိုပြီး ဘဝမှာ လွန်ခဲ့တဲ့ ၉နှစ်က ပထမဆုံးစဉ်းစားတဲ့ကား . အခုတော့ အကောင်ထဲဖော်နိုင်ခဲ့ပြီ . ယုံယုံကြည်ကြည် အပင် ပန်းခံ ပါဝင်သရုပ်ဆောင်ပေးသော . မြင့်မြတ် . ကိုထူးအယ်လင်း Nine One . အပြင်ပါဝင်သော သရုပ်ဆောင်ညီအစ်ကို မောင်နှစ်မ များအားလုံး ယုံကြည်ပြီး စိတ်ကြိုက်ရုက်ကူးခွင့်ပေးသော ]Shwe Myanmar Filmproductionတို့ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ." ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

39930100_244246856430367_6608515184484941824_n.jpg

အင်းစိန်ကိုချစ်တဲ့ မြင့်မြတ် အကြောင်းပြောလာတဲ့ ယုန်လေး 

Special 9 ရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ကား စစ်စစ် ဖြစ်တယ်လို့ ယုန်လေးက ဆိုပါတယ်။ ယင်းဇာတ်ကားကို တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ယုန်လေး ပြောပြထားပါသေးတယ်။

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

39467330_1960319944028909_3872681344043581440_n.jpg 

ယုန်လေးရဲ့ ပရိသတ်တွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကြီး ဆင်ဆာကျသွားတဲ့ အတွက် အရမ်းကို ဝမ်းသာလို့ နေကြပါတယ်။ယုန်လေးရဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများ ဆင်ဆာမကျသေးပေမယ့်လည်း ဒီဇာတ်ကားကြီး ဆင်ဆာကျသွားလို့ အနုပညာမောင်နှမတွေလည်း ဝမ်းသားလို့နေကြပါတယ်။

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူ ပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က