သူ ဂီတအလုပ်တွေ စလုပ်ကတည်းက အမှတ်တရ ရှိခဲ့တာပါ။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ မွေးနေ့ပွဲကျရင် ပရိသတ်ဆီက စက္ကူငှက်ရုပ်လေးတွေ လက်ဆောင် တောင်းရမလားတဲ့။ ဒီအရုပ်လေးတွေနဲ့ ပတ်သက်ပြီး သူ့အတွက် မမေ့နိုင်စရာ အမှတ်တရတွေ ရှိခဲ့ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်



စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာအလုပ် စတင်လုပ်ကိုင်ကတည်းကနေ အခုထိ သူနဲ့ စက္ကူငှက်ရုပ်လေးတွေရဲ့ အမှတ်တရကို ပြောပြလာပါတယ်။ သီချင်းတွေ စပြီးအောင်မြင်ကတည်းက စက္ကူငှက်လေးတွေကို ပရိသတ်တွေဆီက လက်ဆောင်ရခဲ့တာပါတဲ့။

‘’စက္ကူငှက်လေးတွေဟာ ကျွန်တော့်အတွက် အမြဲတမ်းအမှတ်တရပဲ။ ကျွန်တော့် သီချင်းတွေ စပြီးလူသိများလာတော့ ပရိသတ်တွေက စက္ကူငှက်လေးတွေခေါက်ခေါက်ပြီး လက်ဆောင်လာလာပေးကြတယ်။ အဲဒါကိုအခြေခံပြီး ကျွန်တော့်ပထမဆုံး ဝတ္ထုဇာတ်လမ်းလေးလည်း ထွက်ခဲ့တယ်။ ကျွန်တော် ပထမဆုံး နှုတ်ခမ်းနီစထုတ်တော့ မိတ်ဆွေတွေကို လက်ဆောင်ပေးတဲ့အခါ စက္ကူငှက်လေးတွေနဲ့တွဲပြီးပေးဖြစ်တယ်’’လို့ သူကဆိုပါတယ်။

Photo: Thein Than Oo

ဒါကြောင့် ဒီနှစ်မှာ ပြုလုပ်မယ့် Birthday Show မှာ စက္ကူငှက်ရုပ်လေးတွေကို လက်ဆောင်တောင်းရမလား လို့ ဆိုပါတယ်။ စိုင်းစိုင်းရဲ့ စိတ်ကူးလေးကိုလည်း ပရိသတ်တွေက ထောက်ခံ အားပေးခဲ့ကြပါတယ်။

‘’ပြီးခဲ့သော ဇာတ်လမ်းအကျဉ်းပွဲတုန်းက ပရိသတ်တွေရဲ့ စက္ကူငှက် အကောင် ၁၅၀၀ ကျွန်တော့်ဆီမှာ အခုရှိပါတယ်။ ဒီနှစ်မွေးနေ့ကျရင် မွေးနေ့လက်ဆောင် တစ်ယောက်တစ်ကောင် လက်ဆောင်တောင်းရင် ကောင်းမလားပဲ စဉ်းစားနေတုန်း’’ ဆိုပြီးတော့ မတ်လ ၅ ရက်နေ့ မနက် ၉ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေ အများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့ Show ပွဲကြီးကိုလည်း ဆက်လက်ကျင်းပသွားဖို့ ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ဒီနှစ်Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက်အင်မတန်အရေးကြီးတဲ့ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်မယ်။ တစ်စုတစ်စည်းတည်း ရှိနေစေချင်တယ်’’ လို့ ဇန်နဝါရီလ ၃၁ရက်နေ့ ည ၈ နာရီ ၄၆မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က