နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။
Sabal Thwin

မိုးယံဇွန်ဟာ ချစ်သူလေးနဲ့အတူတူ နေပြည်တော် ကျောင်းထောင်ကျေးရွာက က အ.ထ.က ၆ ကျောင်းမှာ သစ်ပင်စိုက်ခဲ့ရတဲ့ အမှတ်တရတွေပြောလာပါတယ်။

Photo: Moe Yan Zun

မိုးယံဇွန်ဟာ နေပြည်တော်မြို့နယ်မှာရှိတဲ့ ကျောင်းထောင်ကျေးရွာမှာ တာဝန်ရှိသူတွေနဲ့အတူ သစ်ပင်အတူတူစိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ချစ်သူလေးလည်း ပါတယ်လို့ပြောပါတယ်။

‘’ယနေ့မနက် နေပြည်တော်မြို့ကျောင်းထောင်ကျေးရွာ အ.ထ.က(၁၆)တွင် နေပြည်တော်မြို့တော်ကောင်စီဝန်များနှင့် 3G အဖွဲ့ဝင်များနဲ့အတူ သူ(?tll)နဲ့ပါ အမှတ်တရ သစ်ပင်အတူစိုက် #narzbambam’’ ဆိုပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: မိုးယံဇွန်

မိုးယံဇွန်က သူ အခုတွဲနေတဲ့ ချစ်သူကောင်မလေးက ပရိသတ်တွေ ထင်ကြေးပေးနေကြတဲ့ နာမည် ၅ လုံးနဲ့ မင်းသမီးမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုပါလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် သူက ဖြေဆိုခဲ့ပါတယ်။

‘’ဒါကတော့ ပရိသတ်တွေထင်ကြတာပါ။ တချို့ကိစ္စတွေမှာ နည်းနည်းတိုက်ဆိုင်တာလေးတွေလည်း များလို့ပေါ့နော်။ သေချာတာ တစ်ခုကတော့ သူတို့ထင်နေတဲ့ မင်းသမီး မဟုတ်ဘူးပေါ့နော်။ အဲဒီမင်းသမီးနဲ့ကလည်း မောင်နှမတွေလို ခင်နေတာပေါ့နော်။ အမြဲတမ်း စနောက်ပြီးတော့ ပျော်နေကြတာဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Moe Yan Zun

မိုးယံဇွန်ဟာ အနုပညာသက်တမ်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ အနုပညာအလုပ်လုပ်နေစဉ်အတွင်းမှာလည်း ကိုယ်ရေး ကိုယ်တာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါသေးတယ်။ ဒီအတိုက်အခိုက်တွေကြားကပဲ အနုပညာအလုပ် တွေ ပိုကောင်းအောင် ကြိုးစားနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Moe Yan Zun

သရုပ်ဆောင်အပိုင်းမှာ ရဲကာရိုက်တာ အဖြစ် ပရိသတ်အတွေ့များခဲ့တဲ့ မိုးယံဇွန်က ထူးထူးခြားခြားဖြစ်စေမယ့် ကာရိုက်တာလေးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီကာရိုက်တာလေးတွေကလည်း ပရိသတ်မြင်ဖူးနေကြ တစ်ခုမဟုတ်သလို သူကိုယ်တိုင် လည်း ပြောင်းလဲသွားခဲ့တဲ့ ကာရိုက်တာတွေရိုက်ထားတယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း ‘’အကြင်နာ မြစ်ဖျားဆိုတဲ့’’ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ သူကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်ညွှန်းလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က