သူ့ရဲ့ခင်ပွန်းကတော့ အရမ်းကို ပျော်နေတာ တွေ့ရပါတယ်။

အဆိုတော် ဆန်းသစ်လကတော့ ပထမဦးဆုံးရင်သွေးလေးကို မွေးဖွားခဲ့ပြီလို့ သိရပါတယ်။ 

Photo: Win Myat



အဆိုတော် ဆန်းသစ်လ ကတော့ သမီးဦးလေးကို အောင်အောင်မြင်မြင် မွေးဖွားလိုက်နိုင်ပြီဖြစ်ပါတယ်။ ခင်ပွန်းနဲ့နေ့နံတူတဲ့ သမီးလေးကို မွေးဖွားခဲ့တာကြောင့် ဆန်းသစ်လရဲ့ ခင်ပွန်း ကိုဝင်းမြတ်ကလည်း ဝမ်းသာမဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

" ဦးလေးတွေ အန်တီတွေကနာမည်ဝိုင်းစဉ်းစားပေးတယ်...သမီးကတော့မရဘူးထွက်ချင်ပြီဆိုပြီး ဗုဒ္ဓဟူးနေ့ထွက်လာတယ်။ ဘယ်လိုချစ်လို့ ချစ်မှန်းမသိဘူး။ ရင်ထဲအသည်းထဲကလှိုက်နေအောင်ချစ်တယ်ဆိုတာ သမီးနဲ့မှ ပိုသိသလိုပဲ။ မနက် 6နာရီ44မိနစ် 23 ရက် September မှာ၈ ပေါင်နဲ့ ၂ အောင်စ ရှိတဲ့ ဖအေတူ ဗုဒ္ဓဟူးသမီးလေး မွေးပါပြီ။ ချစ်စရာအရမ်းကောင်းတဲ့သမီးလေးအတွက်ကျေးဇူးပါ မိန်းမရေ...ပင်ပန်းသွားပြီ။မိန်းမကိုရော သမီးလေးကိုရော ပိုပိုပြီးချစ်ပါ့မယ်" ဆိုပြီးတော့ ကိုဝင်းမြတ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၂၃ ရက်နေ့က တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Thet Htun Aung

ဆန်းသစ်လ ကိုယ်တိုင်ကလည်း ကိုယ်ဝန်ရပြီလို့ သိရချိန်ကတည်းက သူမရဲ့ ပထမဆုံးရင်သွေးလေးကို သမီးလေး လိုချင်ခဲ့တာလို့ Duwu အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သမီးလေးကို ပညာရေးမှာလည်း ထူးချွန်စေချင်တာကြောင့် ကျောင်းတွေကိုလည်း ရွေးချယ် စုံစမ်းထားပြီးသားလို့ ဖြစ်သလို သမီးလေးနဲ့ပတ်သက်ပြီး သူမ စိတ်ကူးထားတာ တွေ အများကြီးရှိတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ 

Photo: Win Myat

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က