COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ပစ္စည်းတွေ လှူခဲ့ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်းကနေတဆင့် သရုပ်ဆောင် ဝေဠုကျော်နဲ့ အတူ နေထက်လင်းတို့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွက် COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ 

Photo: Wai Lu Kyaw



ပရဟိတမင်းသားတွေဖြစ်တဲ့ နေထက်လင်းနဲ့ ဝေဠုကျော်တို့ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွက် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ပိုးသတ်ဆေးတွေ အပြင် ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" 25-8-2020 ဝေဠုကျော်ဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ပိုးသတ်ဆေး ဂါလံ (၆၅) နှင့် အဝတ် mask (၂၅၀) ခု ကို အရင်ကတည်းက ဖွဲ့စည်းထားခဲ့သော ရခိုင်ကို ကူညီပေးနေသော သရုပ်ဆောင် ကိုနေထက်လင်း မှ ဥက္ကဌ ၊ကိုဝေဠုကျော်မှ ဒုတိယဥက္ကဌ အဖြစ် ပါဝင်သည့် အဖွဲ့ မှတဆင့် ကနဦး ထောက်ပံ့မှု အဖြစ် ပေးပို့ လှူဒါန်း ပေးခဲ့ပါတယ်" ဆိုပြီးတော့ ဝေဠုကျော်ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ သြဂုတ်လ (၂၅) ရက်နေ့ ည (၉) နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Wai Lu Kyaw

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ 

Photo: Wai Lu Kyaw

နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က