ခီမောင်နှံနှင့်ပရိသတ်များအနေနဲ့ လှူဒါန်းခဲ့တာပါ။

ခီမောင်နှံက Star Awards ကနေ ရခဲ့တဲ့ ဆုကြေးငွေ သိန်း (၅၀) ကို စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ ပြန်လည်လှူဒါန်းလိုက်ပါတယ်။

Photo ; ခရစ္စတီးနားခီ



သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံဟာ Star Awards ဆုပေးပွဲကြီးမှာ ရခဲ့တဲ့ ဆုကြေးငွေ သိန်း(၅၀)ကို ဒီနေ့(ဧပြီ၂၆ရက်)မှာ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ လှူဒါန်းလိုက်တယ်လို့ ဆိုပါတယ်။ ခီမောင်နှံနှင့်ပရိသတ်များဆိုပြီး ပြန်လည် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“Star Awards မှရရှိသော ဆုငွေသိန်း ၅၀ အား မနေ့က လက်ခံရရှိပြီး ယနေ့ စိတ်ကျန်းမာရေး ဆေးရုံကြီးမှာ "ခီမောင်နှံ နှင့်ပရိတ်သတ်များ" အနေနဲ့ လှူဒါန်းခဲ့ပါတယ်။ အားလုံးကို မေတ္တာပို့ အမျှပေးဝေပါတယ်.” ဆိုပြီး ဧပြီ(၂၆) ရက်နေ့က ခရစ္စတီးနားခီရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာဖြစ်ပါတယ်။

Photo ; ခရစ္စတီးနားခီ

၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Director Award ဆုကို ဒါရိုက်တာ ခရစ္စတီးနားခီက ''ဥပါယ်တံမျဉ်''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ အလှူကိုလည်း ပရိသတ်တွေ သာဓုခေါ်လို့ နေကြပါတယ်။

Photo ; ခရစ္စတီးနားခီ

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က