ငွေပေးစနစ်တွေ ပါလာတာကို မလိုလားလို့ပါတဲ့။

သက်မွန်မြင့်က Star Awards ရဲ့ People Choice Award ဆုအတွက် တရားဝင်နှုတ်ထွက်လိုက်ပြီလို့ ဆိုပါတယ်။ ဒီဆုအတွက် သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့ ငွေကြေးပေးပြီး Voting ပေးရတာကို မလိုလားတဲ့အကြောင်း ဆက်လက်ပြောပြထားပါတယ်။

Photo: Thet Mon Myint



သရုပ်ဆောင်အကယ်ဒမီ သက်မွန်မြင့်က Star Awards ဆုတွေထဲက People Choice Award ဆုအတွက် Voting စနစ်နဲ့ ရွေးချယ်ရသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူမဟာ အခုတော့ ဒီဆုကို မလိုချင်တော့ပါဘူးတဲ့။

‘’ဒီ Star Awards ရဲ့ People Choice ဆုကို မွန် ရင်ခုန်ခဲ့ပါတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အင်အားကိုပါ မြင်ရမှာ ထုတ်ပြခွင့်ရမှာဆိုပြီးတော့ပေါ့။ ခုတော့ နှုတ်ထွက်လိုက်ပါပြီနော်။ Voting စနစ်မှာ sms တစ်စောင် ၁၅ ကျပ် ဆိုတဲ့ ငွေပေးစနစ် ပါလာတာဖြစ်တဲ့တွက် မွန့်ကို ချစ်တဲ့သူတွေရဲ့ ပိုက်ဆံမဖြုန်းချင်ပါဘူး။ မွန် ချစ်တဲ့ ပရိသတ်တွေတိုင်းရဲ့ ၁၅ ကျပ်ကို တန်ဖိုးထားလို့ အဲ့ဒီဆု မလိုချင်တော့ပါဘူးနော်’’ ဆိုပြီးတော့ သူ့ရဲ့ Facebook Page မှာ မတ်လ ၁၇ ရက်နေ့ ည ၇ နာရီ ၁၉ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Thet Mon Myint

People Choice Award ဆုအတွက် Vote တစ်ကြိမ်ပေးရင် ငွေ ၁၅ ကျပ်ဖြစ်ပြီး အကန့်သတ်မဲ့ပေါင်းများစွာ Voting လုပ်ရတဲ့အပေါ် သဘောကျနှစ်သက်မှု မရှိဘူးလို့ သက်မွန်မြင့်က ဆက်လက်ပြောပြထားပါတယ်။

‘’၁ စောင် ၁၅ ကျပ်နဲ့ မရပ်ပဲ အကန့်သတ်မဲ့ဆိုတော့ ပိုပြီး မလိုလားပါဘူး။ မွန့် ကို ချစ်တဲ့သူတွေဘက်က ခံစားမှုသက်သက်ပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မရှိပါဘူးရှင်။ အမုန်းလည်း မပွားကြပါနဲ့ဦး။ ချစ်ခြင်း တွေနဲ့ Vote ပြီးသားဖြစ်တဲ့ ချစ်ရတဲ့သူတွေကိုလည်း တောင်းပန်ပါတယ်ရှင်။ ခုချိန်ထိ အနိုင်ရနေတာလေးတွက်လည်း ကျေးဇူးအထူးတင်ပါတယ်လို့။ ဒါလေးကို Share ပေးကြပါနော်’’ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

သက်မွန်မြင့်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ Star Awards ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ရုံတင်ပြသခဲ့တာပါ။ ဥပါယ်တံမျဉ်ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် ဇဏ်ခီ၊ အောင်မြင့်မြတ်၊ သက်မွန်မြင့်၊ ကာရာဗီ၊ ခြူးစစ်ဟန် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က