သူမအတွက်တော့ သူငယ်ချင်းတွေက အကောင်းဆုံး ဆုတစ်ခုပါပဲ။

သက်မွန်မြင့်က နယ်မှာ ရုပ်ရှင်ကားကြီး ရိုက်ကူးနေရတာ ဖြစ်တဲ့အတွက် သူမရဲ့ သူငယ်ချင်းတွေကို လွမ်းလို့နေပါတယ်။ အမြဲတမ်း သွားသွား၊ စားစား စိတ်တူ ကိုယ်တူ ရှိလှတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အားကျရပါတယ်။

Photo: Bff



သက်မွန်မြင့် အတွက်တော့ လက်ရှိပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းတွေက အကောင်းဆုံး ဆုတစ်ခုပါပဲတဲ့။ အခုလည်း သူငယ်ချင်းတွေနဲ့ အနေဝေးနေတဲ့ သူမက လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ထားပါသေးတယ်။

‘’ဒီလို စိတ်တူကိုယ်တူ အတွဲညီကြတဲ့ အလုပ်အကိုင်တူ သူငယ်ချင်းမျိုး ရထားတာ ဘဝကပေးတဲ့ အကောင်းဆုံးဆုတွေထဲက တစ်ခု။ လွမ်းပါပြီနော်’’ ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူတို့ သူငယ်ချင်းတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့ BFF Facebook Page ကဓာတ်ပုံလေးတွေကို Share ရင်း ရေးသားထားတာပါ။

Photo: Bling

သက်မွန်မြင့်ရဲ့ အခင်ရဆုံး သူငယ်ချင်းတွေကတော့ သရုပ်ဆောင် ဖူးစုံ၊ ခင်လေးနွယ်၊ မိုးပြည့်ပြည့်မောင်၊ ဒီဇိုင်နာ မပုံ့ ၊ ချင်းချင်း၊ မေကဗျာ တို့ပါဝင်ပါတယ်။ သူတို့ သူငယ်ချင်းတွေဟာ မကြာခဏဆိုသလို ခရီးတွေ အတူတူထွက်၊ လျှောက်သွား၊ လျှောက်စား ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ်ရှိလှတာကြောင့် BFF Page က မင်းသမီးချောတွေကို အားကျတဲ့ ပရိသတ်တွေကလည်း မနည်းပါဘူး။

Photo: Bling

သက်မွန်မြင့်က လက်ရှိမှာတော့ နယ်မှာ ရုပ်ရှင်ဇာတ်ကားကြီး သွားရောက်ရိုက်ကူးနေပြီလို့ သိရပါတယ်။ သူမဟာ အနုပညာသက်တမ်း ၁၀ စုနှစ်ကျော်လာပြီဖြစ်တာကြောင့် ပရိသတ်အချစ်တွေကို တစ်နေ့ထက် တစ်နေ့ ပိုပြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ဆိုရင်လည်း မမှားပါဘူး။ ပေးအပ်လာတဲ့ ကာရိုက်တာ တိုင်းကိုလည်း အပီပြင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစား သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲမှာ သက်မွန်မြင့်လည်း ပါဝင်ပါတယ်။

Photo: Thet Mon Myint

Music Video တွေ၊ ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် သက်မွန်မြင့် ဆိုတာကို ပရိသတ်တွေ စသိလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အနုပညာလောကမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလာရရင်းနဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ လာပါပြီ။ သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က