သိမ်ဆင်းလောင်းနေတာတဲ့။

ဘေဘီမောင်ကတော့ ချစ်သူခင်သူတွေနဲ့ မိတ်ဆွေကောင်းတွေ ရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတာပါ။ ကုသိုလ်တွေလည်း အတူတူ လုပ်ခွင့်ရတယ်တဲ့။

Photo : ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်က ချစ်ရသူတွေနဲ့ အတူတူ ကုသိုလ်တွေ ပြလုပ်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ အနားနားမှာ မိတ်ဆွေကောင်းတွေ ရှိတဲ့အတွက်လည်း ဝမ်းသာတယ်လို့ သူမက ဆိုပါတယ်။

ကိုယ့်နားမှာကိုယ့်ကိုခင်မင်တဲ့မိတ်ဆွေကောင်းတွေရှိတဲ့အတွက်ဝမ်းသာတယ် ပိတိဖြစ်ရတာတော့တူတူကုသိုလ်တွေတွေလုပ်ခွင့်ရလို့ သိမ်ဆင်းလောင်းပိတိ" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂၆) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်က ဒီနေ့မှာ ချစ်သူနဲ့အတူ အင်လျားကန်ဖျားကျောင်းတိုက်မှာ သိမ်ဆင်းလောင်း ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်။ ဘေဘီမောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို အားတဲ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်ပြီး လိုက်စားနေတာ တွေ့ရပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ သမီးလေးလိမ္မာလေး ဖြစ်ပြီး သူမဝါသနာပါရာ အနုပညာလုပ်ငန်းနဲ့မိဘကို လုပ်ကျွေးပြုစုနေသူလည်း ဖြစ်ပါတယ်။

Photo : ဘေဘီမောင်

ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကား တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ နဲ့ ရုပ်ရှင်ဇာတ်ကား ကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင် ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။



Photo : ဘေဘီမောင်

ရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။



က္က