သူမကတော့ အသက်(၂၆) နှစ်ပြည့်ပါပြီ။

ဝါဆိုမိုးဦးကတော့ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စလေးတွေကြုံနေရတဲ့ အချိန်မှာ ချစ်သူရဲ့ Birthday Surprise ကြောင့် အရမ်းပျော်နေမိတယ်လို့ဆိုပါတယ်။

Photo: War So Moe Oo



ဒီနေ့ ဇူလိုင်(၂၇) ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ဝါဆိုမိုးဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ အလှူကိုတော့ ဘုန်းကြီးဆွမ်းကပ်ကုသိုလ်ပြုသွားမယ်လို့ သိရပါတယ်။ ဒီနှစ်မွေးနေ့မှာ စိတ်ညစ်စရာတွေ ကြုံနေရတဲ့ သူမကို ချစ်သူဖြစ်တဲ့ အဆိုတော်ဖြိုးလေးက Birthday Surprise လုပ်ပေးလို့ အရမ်းပျော်နေမိတယ်လို့ ဆိုပါတယ်။ 

“ အခုဆို ဝါဆို့အသက် (၂၆) နှစ်ပြည့်ပါပြီ။ မွေးနေ့ မနက်ပိုင်းကိုတော့ ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပါမယ်။ အမှန်အတိုင်းပြောရရင် ဒီကြားထဲမှာ ဝါဆို အရမ်းစိတ်ညစ်စရာတွေနဲ့ ကြုံခဲ့ရပါတယ်။ အလုပ်ကိစ္စတွေရော၊ မိသားစု ကိစ္စတွေရော၊ လုပ်နေတဲ့ အလုပ်တွေ အကုန်လုံး စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေရော၊ မိသားစုတွေရော နဲ့ ချစ်ချစ်ကြီး ကိုကိုဖြိုးလေးက Birthday Surprise တိုက်တဲ့အတွက် အရမ်းပျော်ရတယ်” ဆိုပြီးတော့ ဇူလိုင်လ ၂၇ ရက်နေ့ မနက်(၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေတဆင့် Live လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ 

Photo: War So Moe Oo

ဝါဆိုမိုးဦးကို ချစ်ကြတဲ့ ပရိသတ်တွေ ၊ သူငယ်ချင်းတွေ တစ်ယောက်စီတိုင်းကလည်း Comment ကနေတဆင့် မွေးနေ့ ဆုတောင်းစကားတွေ ပြောခဲ့ကြပါသေးတယ်။ မွေးနေ့ဆုတောင်းလေးတွေကို ဖတ်ရင်း ဝါဆိုမိုးဦးကလည်း Facebook Live ကနေတဆင့် ကျေးဇူးတင်စကားပြန်လည်ပြောခဲ့ပါတယ်။ ဝါဆိုမိုးဦးရဲ့ မွေးနေ့ရောက်တိုင်း ချစ်သူဖြစ်တဲ့ ဖြိုးလေး(snare) က အမှတ်တရ မွေးနေ့ ပွဲလေးတွေ လုပ်ပေးလေ့ရှိပါတယ်။ 

Photo: War So Moe Oo

ဝါဆိုမိုးဦးဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ရိုက်ကူးခဲ့ဖူးတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီး သီချင်းတွေဆိုရင်း ‘’မိုက်လား ပြောကြည့်’’ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က