ဒီစကားလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

ရဲရင့်အောင်က ချစ်သူလေး ဧငြိမ်းဖြူကို ပျော်ရွှင်စေချင်တဲ့ ဆန္ဒ နဲ့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ဧငြိမ်းဖြူ က အခုဆိုရင် ၂၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။

Photo: A Nyein Phyu

အသက် ၂၃ နှစ်ပြည့်ပြီးသွားတဲ့ ချစ်သူလေး ဧငြိမ်းဖြူအတွက် ရဲရင့်အောင် က သူ့ရင်ဘတ်ထဲက စကားလုံးတွေနဲ့ မွေးနေ့ ဆုတောင်းစကား ဆိုလိုက်ပါတယ်။

‘’ အသက် တစ်နှစ် ကြီးသွားတဲ့ ကလေးလေးရေ ပျော်ရွှင်ပါစေ’’ ဆိုပြီးတော့ ရဲရင့်အောင်ရဲ့ Facebook Story မှာ ဧပြီလ ၂၄ ရက်နေ့ ညက တင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးဟာ ချောင်းသာကမ်းခြေကို ရောက်ရှိနေကြတာပါ။ ရဲရင့်အောင်ရဲ့ မိဘတွေလည်းပါသလို၊ ဧငြိမ်းဖြူ ရဲ့ မိသားစုတွေလည်း ဒီခရီးလေးမှာ ပါဝင်ခဲ့ကြပါတယ်။

Photo: A Nyein Phyu

ဧငြိမ်းဖြူဟာ ဧပြီလ ၂၄ ရက်နေ့က အသက် ၂၃ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့ မတိုင်ခင် ဧပြီလ ၂၁ ရက်နေ့က တွံတေးမြို့မှာရှိတဲ့ "မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" မှာ ရှိတဲ့ မိဘမဲ့ကလေး ၈၀၀ ကျော်အတွက် အလှူအတန်းတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မိဘ နှစ်ပါးကိုလည်း သူမရဲ့ အနုပညာကြေးထဲကရတဲ့ ငွေကျပ် ၁၀ သိန်းနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

Photo: A Nyein Phyu

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ချစ်သူ နှစ်ဦးဟာ အခုဆိုရင် ချစ်သူ သက်တမ်း ၂ နှစ်ရှိပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပဲ ချစ်သူအဖြစ် လက်တွဲခဲ့ကြသူတွေပါ။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင် လျှက်ရှိပါတယ်။

Photo: Yair Yint Aung

ရဲရင့်အောင်ကတော့ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူဟာ ဂီတမှာ ထူးချွန်ရုံသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ် အားပေးမှု ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ပရိသတ်အရှေ့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ 



က္က